Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်၍ မတူပီတွင် ကလေးငယ်များအပါအဝင် ပြည်သူ ၁၁ဦး သေဆုံးရမှုအပေါ် ဝမ်းနည်းကြောင်း CNF ထုတ်ပြန်

နိုဝင်ဘာ ၁၅ရက်တွင် ဝေလူးရွာကို စစ်ကောင်စီက တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၈ဦး၊ CDM ကျောင်းဆရာ တစ်ဦးနှင့် အခြားပြည်သူ နှစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

မတူပီမြို့နယ် ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - မတူပီ CDF
မတူပီမြို့နယ် ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - မတူပီ CDF

▪️စစ်ကောင်စီ လုပ်ရပ်ကို ရှုတ်ချ

စစ်ကောင်စီက မတူပီမြို့နယ် ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ် အပါအဝင် ပြည်သူ ၁၁ဦးသေဆုံးခဲ့ရသည့်ဖြစ်ရပ်အပေါ်ဝမ်းနည်းကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)က ယနေ့နိုဝင်ဘာ ၂၅ရက်တွင် သဘောထားထုတ်ပြန်သည်။

နိုဝင်ဘာ ၁၅ရက်တွင် ဝေလူးရွာကို စစ်ကောင်စီက တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၈ဦး၊ CDM ကျောင်းဆရာ တစ်ဦးနှင့် အခြားပြည်သူ နှစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

ပြည်သူ လေးဦး ဒဏ်ရာရပြီး လူနေအိမ်၊ ဘုရားကျောင်းနှင့် စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ စက်ဆုပ်ဖွယ်ရာလုပ်ရပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည့်အပြင် ချင်းလူမျိုးများအပေါ်လူမျိုးတုန်းအောင် ရည်ရွယ်ချက်ရှိရှိ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လုပ်ရပ်သည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုလိုက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတကာက လက်တွေ့ကျသည့် အရေးယူ အပြစ်ပေးမှုများ ပိုမို ပြုလုပ်ကြရန် တောင်းဆိုခဲ့သည်။

CNA အနေဖြင့် ချင်းလူမျိုးများ၏ လုံခြုံရေးအတွက်တက်စွမ်းသရွေ့ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေးကာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် နွေဦးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ ပြည်သူ့ဘက်မှ ရပ်တည်ကာ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။