Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့ပေါ်တွင် ယနေ့ တိုက်ပွဲပြင်းထန်နေ

ရက်အနည်းငယ်အကြာ တိုက်ပွဲမဖြစ်ဘဲငြိမ်သက်နေသည့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့၌ ယနေ့ (နိုဝင်ဘာ ၂၉ရက်) နံနက် ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။

(ထီးချိုင့်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ရှိ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို နိုဝင်ဘာလလယ်က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ထီးချိုင့်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ရှိ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို နိုဝင်ဘာလလယ်က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ထီးချိုင့်မြို့ပေါ်တွင် ယနေ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

ရက်အနည်းငယ်အကြာ တိုက်ပွဲမဖြစ်ဘဲငြိမ်သက်နေသည့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့၌ ယနေ့ (နိုဝင်ဘာ ၂၉ရက်) နံနက် ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။

” ဧရာဝတီတံတားပေါ်က စစ်တပ်စပြီး အဆော်ခံရတာ။ မြို့ထဲလည်း တိုက်ပွဲဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက ယနေ့ နေ့လယ် ၁၂ နာရီ ၉ မိနစ်တွင် ထီးချိုင့်မြို့ပေါ်သို့ ဂျက်ဖိုက်တာဖြင့် လေးကြိမ် ဗုံးကြဲတိုက်ခိုက်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” မြစ်ကြီးနားကနေ တက်လာပြီး လာပစ်တာ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်ဆီးမှုကို မသိရှိရသေးပေ။

ထီးချိုင့်မြို့‌ ပေါ်တွင် နိုဝင်ဘာ ၆ ရက်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး နိုဝင်ဘာ ၁၂ရက်ခန့်မှစ၍ မြို့ပေါ်တိုက်ပွဲများငြိမ်သက်နေခဲ့သည်။

နိုဝင်ဘာ၂၁ ရက်တွင် ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ လမ်းသုံးခွဆုံအနီးမှ စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်(AA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထို့နောက် ယနေ့တွင် တိုက်ပွဲ ပြန်ဖြစ်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်တောင်ပေါ်၌ အခိုင်အမာစခန်းတည်ဆောက်ထားပြီး စခန်းပတ်ချာလည်ရှိ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးထားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

ဒေသခံများသည် တိုက်ပွဲများမဖြစ်ပွားခင် နိုဝင်ဘာ ၆ရက်ကတည်းက တိမ်း‌ရှောင်နေခဲ့ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။