Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့အနီး စစ်ကောင်စီစခန်းတစ်ခုကို KNU နဲ့ပူးပေါင်းတပ်သိမ်းယူ

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူယူကာတန်ပြန်တိုက်ခိုက်နေတာတွေရှိပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။

ကော့ကရိတ်မြို့အနီး စစ်ကောင်စီစခန်းတစ်ခုကို KNU နဲ့ပူးပေါင်းတပ်သိမ်းယူ
ကော့ကရိတ်မြို့အနီး စစ်ကောင်စီစခန်းတစ်ခုကို KNU နဲ့ပူးပေါင်းတပ်သိမ်းယူ

ကော့ကရိတ်မြို့ အာရှလမ်းမကြီးဘေး ကော့နွဲ့ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဒီနေ့မနက် တိုက်ခိုက်မှုမှာ KNU နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ KNU စစ်ရေးသတင်းရစ်မြစ်ထံကသိရပါတယ်။

ကော့နွဲရွာ ဟာ ကော့ကရိတ်မြို့ အရှေ့ဘက်မှာ ရှိပါတယ်။

ဒီနေ့မနက်စောအပိုင်းမှာ ကော့ကရိတ်မြို့တွင်း၊ မြို့ပြင် မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNUနဲ့ ပူး ပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာပါ။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူယူကာတန်ပြန်တိုက်ခိုက်နေတာတွေရှိပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ကော့ကရိတ် မြို့က ဌာနဆိုင်ရာဝန်ထမ်းတွေ တစ်ပတ်အတွင်း ထွက်ခွာဖို့ KNU က နိုဝင်ဘာလ ၁၇ ရက်မှာ နောက်ဆုံးအကြိမ် သတိပေးပြီးနောက် အခုလိုဝင်ရောက်တိုက်ခိုက်တာလည်းဖြစ်ပါတယ်။

ကော့ကရိတ်ဟာ KNU တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာ နယ်မြေထဲမှာရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အုပ်ချုပ်ရေးယန္တရားခိုင်မာရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာတွေ ဆွေးနွေး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။