Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် တက္ကသိုလ်ဝင်း ပေါက်ကွဲမှုကြောင့် လူတစ်ဒါဇင်ထက်မနည်း သေကြေဒဏ်ရာရ

ရဲတွေက ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ချက်လို့ ယူဆထားပါတယ်။

ဖိလစ်ပိုင် တက္ကသိုလ်ဝင်း ပေါက်ကွဲမှုကြောင့် လူတစ်ဒါဇင်ထက်မနည်း သေကြေဒဏ်ရာရ
ဖိလစ်ပိုင် တက္ကသိုလ်ဝင်း ပေါက်ကွဲမှုကြောင့် လူတစ်ဒါဇင်ထက်မနည်း သေကြေဒဏ်ရာရ

ဖိလစ်ပိုင် နိုင်ငံက တက္ကသိုလ် ဝင်းတစ်ခုထဲမှာ ပေါက်ကွဲမှု ဖြစ်ပွားတာကြောင့် ထိခိုက်သေဆုံးမှု စုစုပေါင်း တစ်ဒါဇင်ထက်မနည်း ရှိခဲ့ပါတယ်။

ကနဦး သတင်းတွေအရ ဖိလစ်ပိုင် တောင်ပိုင်း၊ မင်ဒါနာအို ပြည်နယ်ထဲက တက္ကသိုလ် အားကစားရုံထဲမှာ ကက်သလစ် ဘာာဝင်တွေ တနင်္ဂနွေနေ့ မနက် အစောပိုင်း စုရုံး ဝတ်ပြုမှု အစီအစဉ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အနည်းဆုံး ၃ ဦးသေ၊ ၉ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

မာရာဝီမြို့မှာ ဒီဇင်ဘာ ၃ ရက် မနက်အစောပိုင်းက ဖြစ်ပွားတဲ့ ပေါက်ကွဲမှုဟာ ကြမ်းကြုတ်ရက်စက်တဲ့ ဗုံးခွဲမှု တစ်ခုကြောင့်လို့ မင်ဒါနာအို ပြည်နယ် အုပ်ချုပ်ရေးမှူး လန်နာအို ဒယ်လ်ဆာ မာမင်တယ်လ် အလွန်တို အေဒင်ဂို ဂျူနီယာက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သူတာဝန်ယူ အုပ်ချုပ်နေတဲ့ နယ်မြေမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့် အပါအဝင် အခြေခံ လူ့အခွင့်အရေး အားလုံးကို ကာကွယ် စောင့်ရှောက်သွားမှာ ဖြစ်တယ်လို့လည်း အေဒင်ဂို ဂျူနီယာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပညာရေး အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ အဲဒီ အဆောက်အအုံတွေဟာ ငြိမ်းချမ်းရေး ယဉ်ကျေးမှုနဲ့ လူငယ်တွေ နိုင်ငံ အနာဂတ်ကို ပုံဖော် တည်ဆောက်နိုင်အောင် သင်ကြားပို့ချတဲ့ နေရာတွေသာဖြစ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

ရဲတွေက ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ချက်လို့ ယူဆထားပါတယ်။

မင်ဒါနာအို အပါအဝင် ဖိလစ်ပိုင် တောင်ပိုင်း ဒေသတွေမှာ အစ္စလာမ်မစ် ခွဲထွက်ရေး သူပုန်အဖွဲ့တွေ လှုပ်ရှားနေပါတယ်။ ၂၀၁၇ တုန်းက မာရာဝီမြို့ဟာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွှယ်တဲ့ စစ်သွေးကြွတွေက ၅ လကြာ ထိန်းချုပ် သိမ်းပိုက်ထားမှုကို ကြုံခဲ့ရပြီး အရှုပ်အထွေးတွေအတွင်း လူထောင်နဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှုကြောင့် ၅ ဦးထက်မနည်း သေဆုံးပြီး ၈၇ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက ဖိုရမ်တစ်ခုမှာ တရုတ် လိုလားသူတစ်ဦးက တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှောင့်ယှက် ဆန္ဒပြတဲ့သဘော စာတိုတစ်စောင် ပေးပို့ခဲ့တဲ့နောက် ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက တရုတ်အပေါ် ချက်ကျလက်ကျနဲ့ တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

Facebook