Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လူကုန်ကူးမှု တိုက်ဖျက်ရေး စီးနင်းမှု တစ်ခုမှာ လူ ၆၀၀ ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ထိန်းသိမ်း

ခြံဝင်းထဲမှာ အနှိပ်ခန်းတစ်ခု၊ ကာရာအိုကေခန်းတွေ၊ စားသောက်ဆိုင် တစ်ခုနဲ့ လိင်ဖျော်ဖြေရေး ပစ္စည်းတွေ စီစဉ်ထားရှိတာကိုလည်း ရဲတွေက ရှာတွေ့ခဲ့ပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေး စီးနင်းမှု တစ်ခုမှာ လူ ၆၀၀ ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ထိန်းသိမ်း
လူကုန်ကူးမှု တိုက်ဖျက်ရေး စီးနင်းမှု တစ်ခုမှာ လူ ၆၀၀ ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ထိန်းသိမ်း

လူမှောင်ခိုမှုနဲ့ အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်တဲ့ အထူးစစ်ဆင်ရေး တစ်ရပ်အဖြစ် ဖိလစ်ပိုင် ရဲတပ်ဖွဲ့ဟာ မနီလာမြို့တော်မှာ စီးနင်းမှုတစ်ခု ပြုလုပ်ပြီး လူပေါင်း ၆၀၀ နီးပါးလောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၈ ရက်က ခြံဝင်းတခုကို ရဲတွေက အလစ်အငိုက် ဝင်ရောက် စီးနင်းခဲ့ရာမှာ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေကို ရှာတွေ့ခဲ့ကြောင်း အုပ်စုဖွဲ့ ဂိုဏ်းဂဏ တိုက်ဖျက်ရေး ကော်မရှင် (PAOCC)က ထုတ်ပြန်ပါတယ်။ အဲဒီ ကော်မရှင်ဟာ ဖိလစ်ပိုင် သမ္မတကို တိုက်ရိုက် အစီရင်ခံရတဲ့ အဖွဲ့အစည်းပါ။

ခြံဝင်းကြီးထဲမှာ စုစုပေါင်း လူ ၅၉၈ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့နောက် ကျူးလွန်သူတွေနဲ့ နစ်နာသူတွေကို ခွဲထုတ်ဖို့ စနစ်တကျ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ရဲတွေက ပြောပါတယ်။ အဲဒီခြံဝင်းဟာ လိင်ပိုင်းဆိုင်ရာ လူမှောင်ခိုမှု၊ အွန်လိုင်းအခြေပြု ငွေကြေးလိမ်လည်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခု အခြေချရာ နေရာလို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။

တရုတ် သံရုံးက အဲဒီ ဒုစရိုက် လုပ်ငန်းတွေကို စီမံခန့်ခွဲနေသူတွေထဲက ၉ ဦးကို ကူညီ အတည်ပြုပေးဖို့ ဖိလစ်ပိုင် အာဏာပိုင်တွေဆီ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ အဲဒီ အဖွဲ့အစည်းဟာ အင်တာနက် ဂိမ်းကုမ္ပဏီ တစ်ခုလို့ အမည်ခံ လိုင်စင်ယူပြီး တရားမဝင် လှုပ်ရှားမှုတွေ ရှိနေတာလို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရမ်း ကြီးမား ကျယ်ပြန့်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး စနစ်တကျ ချိတ်ဆက်ထားကြောင်း၊ သူတို့ဟာ လူမှောင်ခို လုပ်ငန်းတွေကနေ ငွေကြေး အကျိုးအမြတ်တွေ အလုံးအရင်း ရယူနေခဲ့ကြကြောင်း ဖိလစ်ပိုင် တရားရေးဝန်ကြီး ခရစ္စပင် ရမ်မူလာက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ ဖိစီးခဲ့တဲ့ ကာလတွေနောက်ပိုင်း အာရှ-ပစိဖိတ် ရပ်ဝန်းမှာ အွန်လိုင်းငွေကြေး လိမ်လည်မှု ဂိုဏ်းတွေ ထူထပ်လာတဲ့အပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ စိုးရိမ်မှုက တရိပ်ရိပ် ကြီးမားလာပါတယ်။ အဲဒီ ဂိုဏ်းတွေဟာ အလုပ်အကိုင် ကောင်းကောင်း ရရှိမယ်လို့ လိမ်လည် ခံရပြီး လူမှောင်ခို သားကောင်ဘဝ ကျရောက်ခဲ့သူတွေကို အဓမ္မ ခိုင်းစေထားတဲ့ လုပ်အားရင်းမြစ်နဲ့ လုပ်ငန်းတွေ အဓိက လည်ပတ်လေ့ ရှိပါတယ်။

ရဲတွေက သိမ်းဆည်းရမိတဲ့ ကွန်ပျူတာတွေထဲကနေ ငွေကြေးလိမ်လည်မှုဆိုင်ရာ အထောက်အထားတွေကို ရှာဖွေ ဖော်ထုတ်နိုင်ဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်။ လူမှောင်ခို သားကောင်ဖြစ်ခဲ့တဲ့ တရုတ် နိုင်ငံသား နှစ်ဦးရဲ့ ခန္ဓာကိုယ်မှာ သိသိသာသာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို တွေ့ခဲ့တယ်လို့လည်း ရမ်မူလာက ဆက်ပြောပါတယ်။

ခြံဝင်းထဲမှာ အနှိပ်ခန်းတစ်ခု၊ ကာရာအိုကေခန်းတွေ၊ စားသောက်ဆိုင် တစ်ခုနဲ့ လိင်ဖျော်ဖြေရေး ပစ္စည်းတွေ စီစဉ်ထားရှိတာကိုလည်း ရဲတွေက ရှာတွေ့ခဲ့ပါတယ်။

ဇွန်လတုန်းကလည်း ဖိလစ်ပိုင် ရဲတွေဟာ မနီလာမှာရှိတဲ့ အဆောက်အအုံ တချို့ကို တပြိုင်တည်းလိုလို ဝင်ရောက် စီးနင်းခဲ့ပြီး လူကုန်ကူးသမားတွေရော၊ လူကုန်ကူး ခံရသူတွေပါ စုစုပေါင်း ၂၇၀၀ ကျော်ကို ထိန်းသိမ်း (ကယ်ဆယ်)ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

သတင်း

ကျားဖြန့်ရုံသည် နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မည့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေသည်။

နိုင်ငံတကာ

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင်ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။

နိုင်ငံတကာ

ရဲတွေက ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ချက်လို့ ယူဆထားပါတယ်။