Connect with us

Hi, what are you looking for?

LuduNwayOo

News

DKBA အရာရှိတစ်ဦးနေအိမ်ရောက်နေတဲ့ ထိုင်းသွားအလုပ်လုပ်မယ့် မြန်မာလုပ်သား တစ်ရာကျော်ကို စစ်ကောင်စီတပ်ဖမ်းဆီး

အလုပ်သမားတွေဖမ်းမိခဲ့တဲ့အိမ်က NCA လက်မှတ်ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA)အရာရှိတစ်ဦးရဲ့ နေအိမ်ဖြစ်ပါတယ်။

People's Spring
People's Spring

မြဝတီမြို့က နေအိမ်တစ်အိမ်မှာ ထိုင်းနိုင်ငံကို သွားရောက်မယ့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့တွေက မနေ့ညက စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ မြို့ခံတစ်ဦးထံကနေ သိရပါတယ်။

အလုပ်သမားတွေဖမ်းမိခဲ့တဲ့အိမ်က NCA လက်မှတ်ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA)အရာရှိတစ်ဦးရဲ့ နေအိမ်ဖြစ်ပါတယ်။

အောက်တိုဘာ ၈ ရက် ည ၁၀ နာရီခွဲအချိန်က မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံရပ် မချောလေးကုန်းလမ်းမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု (DKBA)တပ်ရဲ့ ဒုရင်းမှူးအဆင့်ရှိတဲ့ ကျော်ဖိုးဝါးရဲ့နေအိမ်မှာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့် တိုင်းနဲ့ ပြည်နယ်ဒေသအသီသီးက ရွှေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ်လို့ အမာခံသတင်းပေးတွေကနေတစ်ဆင့် စစ်ကောင်စီက သတင်းရရှိသွားခဲ့တာပါ။

အဲ့ဒီလို သတင်းရရှိပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီတပ်အပါအဝင် ရဲ၊ လဝက ပူပေါင်းအဖွဲ့တွေနဲ့ ဒီကေဘီအေ ဒုရင်းမှူးနေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးရာမှာ ပဲခူး မန္တလေး ဧရာဝတီ မကွေး စစ်ကိုင်း ရန်ကုန် မွန်နဲ့ ကရင်ပြည်နယ်အတွင်းက နေထိုင်တဲ့ ရွှေ့ပြောင်းလုပ်သား စုစုပေါင်း (၁၁၂) ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

စစ်ဆေးတွေ့ရှိရတဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုတော့ မြဝတီမြို့က ရွှေမြဝတီစောင့်ကြည့်ရေးစခန်းမှာ ခေတ္တထိန်းသိမ်းထားရှိတယ်လို့ စစ်ကောင်စီရဲထံကနေ သိရပါတယ်။

ဒီကေဘီအေ အရာရှိနေအိမ်ထဲမှာ စစ်ဆေးတွေ့ရှိထားရတဲ့ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေကို စစ်ကောင်စီက ဆက်လက်စစ်ဆေးနေပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို လက်ခံထားရှိထားတဲ့ ဒီကေဘီအေဒုရင်းမှူးကို အရေးယူမှု တစ်စုံတစ်ရာမရှိသေးဘူးလို့ ကြားသိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။