Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတက္ကသိုလ်နှင့် ကညနရုံးရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

ရွှေဘိုတက္ကသိုလ်နှင့် ကညနရုံးတို့ရှိ စစ်ကောင်စီတပ်သားများသည် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှု မကြာခဏ ခံရလေ့ရှိသည်။

ရွှေဘိုတက္ကသိုလ်ဝင်ပေါက်အား တွေ့ရစဥ်။ ဓာတ်ပုံ - Cj
ရွှေဘိုတက္ကသိုလ်ဝင်ပေါက်အား တွေ့ရစဥ်။ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ရွှေဘိုတက္ကသိုလ်နှင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး(ကညန)၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအားတိုက်ခိုက်ခဲ့ကြောင်း စိုင်နိုင် တိုက်နယ် ပကဖ(သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၆ ရက် ည ၉ နာရီခန့်က ရွှေဘိုတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ စစ်ကောင်စီတပ်၏ ဘန်ကာအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ပြီးနောက် မိနစ်၂၀မိနစ်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)၏ တာဝန်ခံက ပြောသည်။

ထို့အပြင် ည ၁၀ နာရီခွဲခန့်ကလည်း စစ်ကောင်စီတပ်စွဲရာ ရွှေဘိုမြို့ ကညနရုံးအား လက်နက်ငယ်များဖြင့် ၁၅မိနစ်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံအသိပေးသည်။

“သူတို့ကလည်း ပြန်ပစ်တယ်။ စက်လက်နဲ့ပါပစ်တာ။ ရဲဘော်တွေ အထိအခိုက်တော့မရှိဘူး။ စကစဘက်က လေးဦး ရွှေဘိုဆေးရုံကြီးမှာ ဆေးကုခံနေတယ်။ သုံးဦးက အပေါ်ယံရှပ်ထိတာ။ အားလုံး ခုနစ်ဦးထိခိုက်ဒဏ်ရာရတယ်။”ဟု သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)၏ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးများကို စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)ပ.က.ဖနှင့်

တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ညီနောင်နှစ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရွှေဘိုတက္ကသိုလ်နှင့် ကညနရုံးတို့ရှိ စစ်ကောင်စီတပ်သားများသည် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှု မကြာခဏ ခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။