Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မှ ဆုတ်ခွာလာသည့် ဝါသဝ၏ပျူစစ်ကြောင်းကို ​တော်လှန်​ရေးအဖွဲ့များပိတ်ဆို့တိုက်ခိုက်

မတ်လ(၅)ရက်နေ့ နံနက်(၅)နာရီခန့်က တန့်ဆည်မြို့မှထွက်လာသော အင်အား၁၅၀ခန့်ရှိသော ဝါသဝစစ်ကြောင်းကိုဆည်မြို့နယ်တောင်ပိုင်းတစ်နေရာ၌ တိုက်ခိုက်ခဲ့ခြင်းဟု PLA က ယ‌နေ့ မတ်လ၆ရက်တွင် သတင်းထုတ်ပြန်သည်။

(ပျူ​စောထီးစစ်သင်တန်းတက်​ရောက်​နေသူများနှင့် ပျူ​ခေါင်း​ဆောင် သက်န်းဝတ် ဝါသဝကို ၂၀၂၂ ​အောက်တိုဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(ပျူ​စောထီးစစ်သင်တန်းတက်​ရောက်​နေသူများနှင့် ပျူ​ခေါင်း​ဆောင် သက်န်းဝတ် ဝါသဝကို ၂၀၂၂ ​အောက်တိုဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

တန့်ဆည်မြို့‌ဘက်မှ ဆုတ်ခွာလာသည့် ပျူစောထီးဘုန်းကြီးဝါသဝ၏ ပျူစစ်ကြောင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် အမှတ် (၁)စစ်ဒေသတွင်ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

မတ်လ(၅)ရက်နေ့ နံနက်(၅)နာရီခန့်က တန့်ဆည်မြို့မှထွက်လာသော အင်အား၁၅၀ခန့်ရှိသော ဝါသဝစစ်ကြောင်းကိုဆည်မြို့နယ်တောင်ပိုင်းတစ်နေရာ၌ တိုက်ခိုက်ခဲ့ခြင်းဟု PLA က ယ‌နေ့ မတ်လ၆ရက်တွင် သတင်းထုတ်ပြန်သည်။

“တန့်ဆည်ကနေပြန်သွားတဲ့စစ်ကြောင်းကို ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်တာပါ။ ပျူစစ်ကြောင်းမှာ ထိခိုက်မှုတွေရှိပေမယ့် အသေးစိတ်မသိရှိရသေးပါဘူး။ တန့်ဆည်နဲ့ ကန့်ဘလူကြားမှာ ချတာ” ဟု ဒေသကာကွယ်ရေးရဲပေါ်တစ်ဦးကပြောသည်။

အဆိုပါပျူစောထီးစစ်ကြောင်းကို PLA၊TCRF(PLA)၊မုံတိုင်ပင်(ပကဖ)၊တက်သစ်(ပကဖ)၊ကျောက်တိုင်(ပကဖ)တို့ ပါဝင်သောမဟာမိတ်တပ်ဖွဲ့ဝင် အင်အား(၄၀)ကျော်က ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

ဒေသခံမျက်မြင်များ အပြောအရ စစ်ကောင်စီဘက်တွင် သေဆုံးသူ နှစ်ဦးမှ လေးဦးအထိရှိနိုင်ကြောင်း PLA က သတင်းထုတ်ပြန်ထားသည်။ ထိုစစ်ကြောင်းသည် သာကေတရွာမှ အိမ်တလုံးနှင့် အရပ်သားပိုင် ဆိုင်ကယ်(၉)စီးကို မီ:ရှို့ဖျက်ဆီးပြီးနောက် နာဋောင်းကျရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း PLA က အသိပေးထားသည်။

ယခုတိုက်ခိုက်ခံရသော ပျူစောထီးစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည့် တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်းသို့ စစ်ကူလာပြီး ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကြောင်းဟုသိရသည်။ ကံထူးမရွာရဲစခန်း၌ ရဲတပ်ရင်း-၁၆၊ ခမရ-၃၆၁ နှင့် ပျူစောထီး များတပ်စွဲထားပြီး ၎င်းတို့အားလုံးသည် စစ်ကူများမလာနိုင်​တော့သဖြင့် မတ်လ ၅ရက်က စခန်းစွန့် ထွက်ပြေးသွားခဲ့ကြရာ စခန်းအား တော်လှန်ရေးအင်အားသူများက အပြီးသတ်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။

Facebook