Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မှ ဆုတ်ခွာလာသည့် ဝါသဝ၏ပျူစစ်ကြောင်းကို ​တော်လှန်​ရေးအဖွဲ့များပိတ်ဆို့တိုက်ခိုက်

မတ်လ(၅)ရက်နေ့ နံနက်(၅)နာရီခန့်က တန့်ဆည်မြို့မှထွက်လာသော အင်အား၁၅၀ခန့်ရှိသော ဝါသဝစစ်ကြောင်းကိုဆည်မြို့နယ်တောင်ပိုင်းတစ်နေရာ၌ တိုက်ခိုက်ခဲ့ခြင်းဟု PLA က ယ‌နေ့ မတ်လ၆ရက်တွင် သတင်းထုတ်ပြန်သည်။

(ပျူ​စောထီးစစ်သင်တန်းတက်​ရောက်​နေသူများနှင့် ပျူ​ခေါင်း​ဆောင် သက်န်းဝတ် ဝါသဝကို ၂၀၂၂ ​အောက်တိုဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(ပျူ​စောထီးစစ်သင်တန်းတက်​ရောက်​နေသူများနှင့် ပျူ​ခေါင်း​ဆောင် သက်န်းဝတ် ဝါသဝကို ၂၀၂၂ ​အောက်တိုဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

တန့်ဆည်မြို့‌ဘက်မှ ဆုတ်ခွာလာသည့် ပျူစောထီးဘုန်းကြီးဝါသဝ၏ ပျူစစ်ကြောင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် အမှတ် (၁)စစ်ဒေသတွင်ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

မတ်လ(၅)ရက်နေ့ နံနက်(၅)နာရီခန့်က တန့်ဆည်မြို့မှထွက်လာသော အင်အား၁၅၀ခန့်ရှိသော ဝါသဝစစ်ကြောင်းကိုဆည်မြို့နယ်တောင်ပိုင်းတစ်နေရာ၌ တိုက်ခိုက်ခဲ့ခြင်းဟု PLA က ယ‌နေ့ မတ်လ၆ရက်တွင် သတင်းထုတ်ပြန်သည်။

“တန့်ဆည်ကနေပြန်သွားတဲ့စစ်ကြောင်းကို ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်တာပါ။ ပျူစစ်ကြောင်းမှာ ထိခိုက်မှုတွေရှိပေမယ့် အသေးစိတ်မသိရှိရသေးပါဘူး။ တန့်ဆည်နဲ့ ကန့်ဘလူကြားမှာ ချတာ” ဟု ဒေသကာကွယ်ရေးရဲပေါ်တစ်ဦးကပြောသည်။

အဆိုပါပျူစောထီးစစ်ကြောင်းကို PLA၊TCRF(PLA)၊မုံတိုင်ပင်(ပကဖ)၊တက်သစ်(ပကဖ)၊ကျောက်တိုင်(ပကဖ)တို့ ပါဝင်သောမဟာမိတ်တပ်ဖွဲ့ဝင် အင်အား(၄၀)ကျော်က ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

ဒေသခံမျက်မြင်များ အပြောအရ စစ်ကောင်စီဘက်တွင် သေဆုံးသူ နှစ်ဦးမှ လေးဦးအထိရှိနိုင်ကြောင်း PLA က သတင်းထုတ်ပြန်ထားသည်။ ထိုစစ်ကြောင်းသည် သာကေတရွာမှ အိမ်တလုံးနှင့် အရပ်သားပိုင် ဆိုင်ကယ်(၉)စီးကို မီ:ရှို့ဖျက်ဆီးပြီးနောက် နာဋောင်းကျရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း PLA က အသိပေးထားသည်။

ယခုတိုက်ခိုက်ခံရသော ပျူစောထီးစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည့် တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်းသို့ စစ်ကူလာပြီး ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကြောင်းဟုသိရသည်။ ကံထူးမရွာရဲစခန်း၌ ရဲတပ်ရင်း-၁၆၊ ခမရ-၃၆၁ နှင့် ပျူစောထီး များတပ်စွဲထားပြီး ၎င်းတို့အားလုံးသည် စစ်ကူများမလာနိုင်​တော့သဖြင့် မတ်လ ၅ရက်က စခန်းစွန့် ထွက်ပြေးသွားခဲ့ကြရာ စခန်းအား တော်လှန်ရေးအင်အားသူများက အပြီးသတ်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီနေ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ကံကုန်းကို ရောက် နေတဲ့ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ မနေ့ညပိုင်းက အပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်အထိခိုက်အကျဆုံးများတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။