Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့ တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းပေါက်ကွဲ၍ စစ်ဘေးရှောင်ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

(မိုင်းပေါက်ကွဲသည့်နေရာ နှင့် ပေါက်ကွဲပြီး‌နောက် ပျက်စီးသွားသည့် သုံးဘီးဆိုင်ကယ် ။ဓါတ်ပုံ-CJ )
(မိုင်းပေါက်ကွဲသည့်နေရာ နှင့် ပေါက်ကွဲပြီး‌နောက် ပျက်စီးသွားသည့် သုံးဘီးဆိုင်ကယ် ။ဓါတ်ပုံ-CJ )

▪︎က​လေးငယ် ၏ မိခင်ဖြစ်သူ ဒဏ်ရာရ

ကလေးမြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းပေါက်ကွဲပြီး စစ်ဘေးရှောင်ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ကလေးငယ်၏ မိခင်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

(မိုင်းပေါက်ကွဲသည့်နေရာ နှင့် ပေါက်ကွဲပြီး‌နောက် ပျက်စီးသွားသည့် သုံးဘီးဆိုင်ကယ် ။ဓါတ်ပုံ-CJ )
(မိုင်းပေါက်ကွဲသည့်နေရာ နှင့် ပေါက်ကွဲပြီး‌နောက် ပျက်စီးသွားသည့် သုံးဘီးဆိုင်ကယ် ။ဓါတ်ပုံ-CJ )

” စစ်ဘေးရှောင်မိသားစုက သူတို့အိမ်ကိုသွားကြည့်ဖို့ သုံးဘီးငှားပြီလာတာ။ စစ်တပ်ဂိတ်ရှေ့ကို ဖြတ်ချိန် မိုင်းပေါက်ကွဲတာ။ စစ်တပ်က သူတို့လုံခြုံရေးအတွက်ထောင်ထားတဲ့မိုင်း။ ကလေးလေးနဲ့ သုံးဘီးသမားသေဆုံးတယ်။ ကလေးအမေက ဒဏ်ရာရတယ်” ဟုကလေးမြို့ခံတစ်ဦးကပြောသည်။

သေဆုံးသူကလေးငယ်သည် အသက် ၅နှစ်အရွယ် ယောင်္ကျားလေးဖြစ်သည်။ မိခင်ဖြစ်သူမှာ ဆေးကုသမှုခံယူနေရသည်။ ကလေးမြို့မြောက်ပိုင်းကျေးရွာတခုတွင် နေထိုင်သူများဖြစ်ပြီး ရွာဘက်တွင်တိုက်ပွဲများဖြစ်​နေ၍ မြို​ပေါ်သို့လာပြီး စစ်ရှောင်နေကြရသူများဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

မိုင်းပေါက်ကွဲသည့်နေရာသည် စစ်တပ်အာဏာသိမ်းပြီး​နောက် မြို့ခံလူငယ်အများစုပါဝင်​သော ပြည်သူများကသပိတ်စခန်းဖွင့်ခဲ့သည့် တာဟန်းခံတပ်နေရာနှင့် နီးပြီး အဆိုပါနေရာတဝိုက်ကို စစ်ကောင်စီကအခိုင်အမာတပ်စွဲထားသည်။

ကလေးမြို့ပေါ်တွင်သာ တပ်စွဲထားနိုင်သည့် စစ်ကောင်စီတပ်သည် အရပ်သားများအားပစ်မှတ်ထား၍ သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှပစ်ခတ်ခြင်းများမကြာခဏ ပြုလုပ်နေကြောင်း ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook