Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ပျူရွာဒေသခံများ သေဆုံး

ကျောင်းတိုက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီနှင့် ပျူစောထီးစခန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၆ရက် နံနက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ‌

(ကလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကလေး PDF)
(ကလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကလေး PDF)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ ပျုစောထီးရွာဖြစ်သော ကျောင်းတိုက်ရွာမှ စစ်ကောင်စီတပ် စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်စဉ် လေကြောင်းနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ ဒေသခံများ ထိခိုက်သေဆုံးမှုများပြားကြောင်း ကနဦးသတင်းရရှိသည်။

ကျောင်းတိုက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီနှင့် ပျူစောထီးစခန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၆ရက် နံနက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ‌

နေ့လယ်တွင် ကျောင်းတိုက်ရွာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြု၍ ပြင်းပြင်းထန်ထန်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” ရွာခံတွေက အိမ်ထဲမှာနေတာကို ပျူခေါင်းဆောင်က သူ့အမိန့်နဲ့ ဘုန်းကြီးကျောင်းကို ရွှေ့ခိုင်းတယ်။ အဲ့ဒီကျောင်းကိုသွားတဲ့အချိန် စစ်တပ်က လေကြောင်းကနေချတာမှာ ကျောင်းကို ဗုံးကြဲသွားတာ။ ရွာခံ တွေသေဆုံးတာတွေများတယ်”ဟု အခြားဒေသတစ်ခုသို့ ရောက်နေသည့် ကျောင်းတိုက်ရွာခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများအနက် ဒေါ်ခင်ဌေးမြိုင်၊ ဒေါ်မူ၊ ဒေါ်ဝိုင်း၊ ဒေါ်သေးသေး၊ ဦးဖိုးငုတ်မိသားစုပါဝင်ပြီး စာရင်းအတိအကျမသိရှိရသော်လည်း သေဆုံးသူ ၁၅ဦးထက်မနည်းရှိနိုင်ကြောင်း ၎င်းက ပြောသည်။

” မိသားစုလိုက်သေဆုံးသူတွေရှိတယ်။ စစ်တပ် က ဆက်ပစ်နေတယ်”ဟု ကျောင်းတိုက်ရွာခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ယမန်နေ့က တနေကုန်၊ ညအထိနှင့် ယနေ့(မတ်လ ၁၇ရက်)နေ့လယ်အထိ လက်နက်ကြီးများပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် လက်နက်ကြီးပစ်ခတ်သံများကို မကြာခဏကြားနေရသည်။

ကလေးမြို့နယ်မြောက်ပိုင်းမှ ပျူစောထီးရွာများဖြစ်သည့် ဆည်တော်ဦးနှင့် ကျောင်းတိုက်ကျေးရွာသည် စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့်ရွာများ ဖြစ်သည်။

ကျောင်းတိုက်ရွာသည် ကြံ့ခိုင်ရေးပါတီဝင်အများဆုံးရှိသည့်ရွာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလက အခြားပါတီများအား ရွာထဲသို့ပင် အဝင်မခံခဲ့ပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် အဆိုပါရွာသည် ပျူစောထီးရွာဖြစ်လာခဲ့သည်။

လူငယ်အချို့မှလွဲ၍ ကျန်ဒေသခံများသည် စစ်တပ်ကိုထောက်ခံသူများနှင့် တော်လှန်ရေးတွင်ပါဝင်ပတ်သက်ခြင်းမရှိသူများဟု သိရသည်။ ယခုအခါ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှုနှင့်ပတ်သက်၍ ပျူစောထီးခေါင်းဆောင်ကို ဒေသခံများက ဒေါသထွက်နေကြောင်း သိရသည်။

ယနေ့တွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ကလေးမြို့ပေါ်မှနေ၍ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။