Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်အခြေစိုက် ခလရ(၁၉)ကို KNU ပူးပေါင်းတပ် သိမ်းပိုက်

ဖာပွန်မြို့သည် ခရိုင်မြို့ဖြစ်ပြီး ၂၀၁၉ လူဦး​ရေစာရင်းအရ မြို့​ပေါ်တွင် လူဦး​ရေ ၃၀၀၀ ​ကျော်​နေထိုင်သည်။​ဖာပွန်မြို့နယ်တွင် ​ကျေးရွာအုပ်စု ၇ စုရှိပြီး ​ကျေးလက်တွင်လူဦး​ရေ တစ်​သောင်းခန့်​နေထိုင်သည်။

(KNU ဦး​ဆောင်​သော ဖာပွန်မြို့ အနီးရှိ စစ်​ကောင်စီတပ်၏ ခလရ ၁၉ ဆိုင်းဘုတ်/ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ / KNU တပ်ဖွဲ့ဝင်များ/ကရင်ပြည်နယ်မြေပုံ ။ဓါတ်ပုံ-CJ ၊ KNU)
(KNU ဦး​ဆောင်​သော ဖာပွန်မြို့ အနီးရှိ စစ်​ကောင်စီတပ်၏ ခလရ ၁၉ ဆိုင်းဘုတ်/ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ / KNU တပ်ဖွဲ့ဝင်များ/ကရင်ပြည်နယ်မြေပုံ ။ဓါတ်ပုံ-CJ ၊ KNU)

ကရင်ပြည်နယ်၊ ဖာပွန်မြို့ အခြေစိုက် စစ်ကောင်စီတပ် အမှတ် ၁၉ ​ခြေလျင်တပ်ရင်း (ခလရ-၁၉) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောသည်။

ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်များကို ဖယ်ရှားရန် KNLA ပူးပေါင်းတပ်က မတ်လ ၁၉ရက်မှစတင် ဝိုင်းရံ ပိတ်ဆို့ထားပြီး မတ်လ ၂၈ရက်တွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းများ ဆုတ်ခွာကာ မြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီဗျူဟာစခန်းနှင့် တပ်ရင်းများသို ပူးပေါင်းသွားခြင်းဖြစ်ကြောင်း KNLA တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက People’s Spring သို့အတည်ပြုထားသည်။

(KNU ဦး​ဆောင်​သော ဖာပွန်မြို့ အနီးရှိ စစ်​ကောင်စီတပ်၏ ခလရ ၁၉ ဆိုင်းဘုတ်/ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ / KNU တပ်ဖွဲ့ဝင်များ/ကရင်ပြည်နယ်မြေပုံ ။ဓါတ်ပုံ-CJ ၊ KNU)
(KNU ဦး​ဆောင်​သော ဖာပွန်မြို့ အနီးရှိ စစ်​ကောင်စီတပ်၏ ခလရ ၁၉ ဆိုင်းဘုတ်/ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ / KNU တပ်ဖွဲ့ဝင်များ/ကရင်ပြည်နယ်မြေပုံ ။ဓါတ်ပုံ-CJ ၊ KNU)

ထို့နောက် ခလရ(၁၉) အပါအဝင် ဖာပွန်ရှိ စစ်ကောင်စီတပ်ရင်းအချို့ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ယနေ့ သတင်းဖော်ပြချက်များရှိရာ KNU သတင်းရင်းမြစ်က “ခလရ(၁၉) သူ့ရဲ့ စခန်း တက်သိမ်းလို့ရတာတော့ သေချာပြီ။ဒါပေမဲ့ နောက်ထပ် ကျန်တဲ့ သူ့ရဲ့ ဗျူဟာကုန်းတို့ အခြားတပ်ရင်းတွေကတော့ ဆက်သိမ်းဖို့က မပြီးပြတ်သေးဘူး” ဟု ယနေ့ ညနေပိုင်း၌ ပြန်လည်ဖြေကြားပေးသည်။

စစ်ကောင်စီ ဗျူဟာစခန်းသည် ဖာပွန်မြို့နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“အမှန်ကတော့ ဖာပွန်မြို့ တစ်မြို့လုံး သိမ်းပိုက်ဖို့ စီစဉ်ထားတဲ့သဘော” ဟု ၎င်းက စစ်ရေးရည်မှန်းချက်ကို ပြောသည်။

ဖာပွန်မြို့သည် ခရိုင်မြို့ဖြစ်ပြီး ၂၀၁၉ လူဦး​ရေစာရင်းအရ မြို့​ပေါ်တွင် လူဦး​ရေ ၃၀၀၀ ​ကျော်​နေထိုင်သည်။​ဖာပွန်မြို့နယ်တွင် ​ကျေးရွာအုပ်စု ၇ စုရှိပြီး ​ကျေးလက်တွင်လူဦး​ရေ တစ်​သောင်းခန့်​နေထိုင်သည်။

​မြောက်ဘက်တွင် သံ​တောင်ကြီး ၊​ဘောဂလီ နှင့် ကရင်နီပြည်၊ ​တောင်ဘက်တွင် ကမ​မောင် (ခွဲ) ၊အ​နောက်ဘက်တွင်ပဲခူးတိုင်း ၊ အ​ရှေ့ဘင်တွင် ထိုင်းနိုင်ငံတို့တည်ရှိသည်။

တပ်ရင်း(၁၉) သိမ်းပိုက်ပြီးနောက် တော်လှန်ရေးရဲဘော်အချို့က ရိုက်ကူးထားသည့် တပ်ရင်း(၁၉)အတွင်း ဝင်ရောက်နိုင်မှု ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းအချို့ကို လူမှုကွန်ရက်၌ ဖော်ပြသည်ကိုလည်း တွေ့ရသည်။

(KNU ဦး​ဆောင်​သော ဖာပွန်မြို့ အနီးရှိ စစ်​ကောင်စီတပ်၏ ခလရ ၁၉ ဆိုင်းဘုတ်/ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ / KNU တပ်ဖွဲ့ဝင်များ/ကရင်ပြည်နယ်မြေပုံ ။ဓါတ်ပုံ-CJ ၊ KNU)
(KNU ဦး​ဆောင်​သော ဖာပွန်မြို့ အနီးရှိ စစ်​ကောင်စီတပ်၏ ခလရ ၁၉ ဆိုင်းဘုတ်/ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ / KNU တပ်ဖွဲ့ဝင်များ/ကရင်ပြည်နယ်မြေပုံ ။ဓါတ်ပုံ-CJ ၊ KNU)

“ရောက်ပြီ။ ကျနော်တို့ အခုဆိုရင်တော့ တပ်ရင်း (၁၉)ထဲကို ပျော်ပျော်ကြီးဝင်နေတာဖြစ်ပါတယ်”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရိုက်ကူးထားသည့် ရုပ်သံဖိုင်ကို တွေ့ရသည်။ အဆိုပါ ရုပ်သံတွင် လေယာဉ်သံကိုလည်း ကြားနေရပြီး ရဲဘော်အချို့ကိုလည်း တပ်ရင်းဝန်းအတွင်း၌ နေရာယူထားသည်ကို တွေ့ရသည်။

ဗိုလ်မှူးကြီးစောကလယ်ဒိုကလည်း ဖာပွန်ရှိစစ်ကောင်စီတပ်များကို ဝိုင်းရံပိတ်ဆို့မှု ဆက်လက်ပြုလုပ်နေဆဲဖြစ်၍ တိုက်ပွဲများ ဆက်ရှိနိုင်ကြောင်းလူထု​နွေဦးသို့ ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖြေကြားထားသည်။

ခလရ(၁၉) သိမ်းပိုက်မှု အပါအဝင် ဖာပွန်မြို့ စစ်ရေးအခြေအနေကို ထပ်မံ သိရှိနိုင်ရေး ဗိုလ်မှူးကြီး စောကလယ်ဒို အပါအဝင် သတင်းရင်းမြစ် အချို့ကို ဆက်လက် မေးမြန်းထားဆဲဖြစ်သည်။

စစ်ကောင်စီဘက်ကလည်း ဖာပွန်မြို့ပေါ် နှင့် အနီးဝန်းကျင် နေရာများသို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများပြုလုပ်ဆောင်ခဲ့၍ မြို့ပေါ်နေပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး ပြည်သူလူထုနေအိမ်ပျက်စီးမှုများ ရှိကြောင်း KNLA တပ်မဟာ(၅)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook