Connect with us

Hi, what are you looking for?

သတင်း

ကျိုက်မရောမြို့နယ် သံကလောင်ရွာကျောင်းထိုင် ဆရာတော်ကို စစ်ကောင်စီ ပစ်ခတ်သတ်ဖြတ်

သံကလောင်ကျောင်းထိုင်ဆရာတော်သည် ယမန်နေ့ နေ့လယ်ပိုင်း၌ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

(ပျံလွန်​တော်မူသွား​သော သံက​လောင်ရွာ​ကျောင်းထိုင်ဆရာ​တော်။ဓါတ်ပုံ-MSDF)
(ပျံလွန်​တော်မူသွား​သော သံက​လောင်ရွာ​ကျောင်းထိုင်ဆရာ​တော်။ဓါတ်ပုံ-MSDF)

ဝင်းမောင်/People’s Spring

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ သံကလောင်ကျေးရွာကျောင်းထိုင် ဆရာတော်ကို စစ်ကောင်စီတပ်က ယမန်နေ့ (ဧပြီ ၁၄ရက်)တွင် ပစ်သတ်ခဲ့၍ ပျံလွန်တော်မူသွားကြောင်း မွန်ပြည်ကာကွယ်ရေးတပ်(MSDF)က အသိပေးသည်။

သံကလောင်ကျောင်းထိုင်ဆရာတော်သည် ယမန်နေ့ နေ့လယ်ပိုင်း၌ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

” စုံစမ်းသိရသလောက် နောက်ပြီးတော့ မြေပြင်မှာရှိနေတဲ့ မိမိတို့တပ်ဖွဲ့ကလာတဲ့ သတင်းတွေအရ ဆရာတော်မှာ ဘာမှအပြစ်မရှိဘူး။ နောက်ပြီးတော့ သံသယဖြစ်စရာလည်းမရှိဘူး။ သူ့ဒကာတစ်ဦးနဲ့အတူ ကျောင်းကနေ ထွက်လာစဉ် လမ်းခရီးမှာ ပစ်ခတ်ခံရတယ်”ဟု MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါလုပ်ရပ်သည် စစ်ကောင်စီက ပြည်သူအပေါ် လုပ်ဆောင်လေ့ရှိသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

” ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့သွားအောင်၊ နောက် တော်လှန်ရေးဘက်တော်သားများကိုလည်း ဒီနယ်မြေဒီဒေသမှာ စစ်ရေးလှုပ်ရှားမှု တွေ ဆက်လုပ်နေမယ်ဆိုရင် ရဟန်းသံဃာအပါအဝင် အပြစ်မဲ့ ပြည်သူများရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို အန္တရာယ်ဖြစ်လာလိမ့်မယ်ဆိုတဲ့ ရမ်းသန်း ခြိမ်းခြောက်မှု တစ်ရပ်လို့ပဲ မြင်မိတယ်”ဟု MSDF တပ်မှူးက ပြောသည်။

ဖြစ်စဉ်တွင် ဆရာတော်နှင့် အတူပါသွားသည့် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ဆရာ​တော်ကို PDF များက ​သတ်ဖြတ်ခြင်းဖြစ်သည်ဟု စွပ်စွဲ​ရေးသားထားသည်။ သို့​သော် ဆရာ​တော်​သေနတ်အပစ်ခံရ​သော​နေရာမှာ စစ်​ကောင်စီတပ်စွဲထား​သော ​နေရာဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

စစ်ကောင်စီသည် မွန်ပြည်နယ်တွင် အရပ်သားပစ်မှတ်များအား တိုက်ခိုက်သည့် လုပ်ရပ်များ ပိုမိုပြုလုပ်လာခဲ့ပြီး မတ်လ ကုန်ပိုင်းကလည်း တိုက်ပွဲမဖြစ်ဘဲ ကျိုက်မရောမြို့နယ် ဓမ္မသတ်ရွာကို လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက် ခဲ့ရာ နေအိမ် ၃၀၀ခန့် မီးလောင်ပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။