Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်အစိုးရယန္တရား အားကောင်းလာစေရေး ဝိုင်းကြိုးပမ်းရန် ချင်းပြည်ဝန်ကြီးချုပ် တိုက်တွန်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

(Senthang- CDFနှင့် Zophei လူထုကဝန်ကြီးချုပ်အဖွဲ့အား ကြိုဆိုနေစဉ်။ ဓာတ်ပုံ - GOC)
(Senthang- CDFနှင့် Zophei လူထုကဝန်ကြီးချုပ်အဖွဲ့အား ကြိုဆိုနေစဉ်။ ဓာတ်ပုံ - GOC)

ထားမြတ်/People’s Spring

ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒေသကာကွယ်ရေးအဖွဲ့နှင့် ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် ချင်းပြည်အစိုးရ၏ အစိုးရယန္တရား အားကောင်းလာစေရေး ဝိုင်းဝန်းကြိုးပမ်းရန်လိုအပ်ကြောင်း ချင်းပြည်ဝန်ကြီးချုပ် ဦးပါထန်းက ပြောကြားသည်။

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

(Senthang- CDFနှင့် Zophei လူထုကဝန်ကြီးချုပ်အဖွဲ့အား ကြိုဆိုနေစဉ်။ ဓာတ်ပုံ - GOC)
(Senthang- CDFနှင့် Zophei လူထုကဝန်ကြီးချုပ်အဖွဲ့အား ကြိုဆိုနေစဉ်။ ဓာတ်ပုံ – GOC)

အဆိုပါ ခရီးစဉ်များတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသအသီးသီးရှိ ကောင်စီဦးဆောင်အဖွဲ့များနှင့် ပြည်သူများအား တွေ့ဆုံခဲ့ပြီး ၎င်းဒေသများ၏ အုပ်ချုပ်ရေးလည်ပတ်မှုများကိုလည်းကောင်း၊ အစိုးရယန္တာရားလည်ပတ်နိုင်စေရန် လိုအပ်သော ကိစ္စရပ်များကို ဆွေးနွေးကာ ချင်းပြည်အစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်အစိုးရနှင့် ဒေသန္တာရအစိုးရအကြား အုပ်ချုပ်ရေးချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဒေသအသီးသီးမှ အုပ်ချုပ်ရေးဥပဒေကြမ်း တင်သွင်းလာသော ဒေသန္တာရအုပ်ချုပ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီး အုပ်ချုပ်ရေးအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ ချင်းပြည်သည် လွတ်လပ်ရေးမတိုင်ခင် ကတည်းကမရှိခဲ့ဖူးသော ချင်းလူမျိုးများကိုယ်တိုင်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယခုအခါ ချင်းလူမျိုးများကိုယ်တိုင်ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီဖြစ်ကြောင်း စသည်တို့ကို လည်း ပြောကြားခဲ့သည်ဟု ဆိုသည်။

(Senthang- CDFနှင့် Zophei လူထုကဝန်ကြီးချုပ်အဖွဲ့အား ကြိုဆိုနေစဉ်။ ဓာတ်ပုံ - GOC)
(Senthang- CDFနှင့် Zophei လူထုကဝန်ကြီးချုပ်အဖွဲ့အား ကြိုဆိုနေစဉ်။ ဓာတ်ပုံ – GOC)

ထို့ပြင် ချင်းပြည်(Chinland)အစိုးရအနေဖြင့် ပြည်သူနှင့်အတူရပ်တည်ကာ ချင်းပြည်နှင့် ချင်းပြည်သူများ၏ အကျိုးကို ရှေ့ရှုပြီး အုပ်ချုပ်ရေး လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဖော်ပြသည်။

ခရီးစဉ်တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးတို့လည်း ဝန်ကြီးချုပ်နှင့်အတူ လိုက်ပါခဲ့သည်ဟု အသိပေးသည်။

CNF ဦးဆောင်သည့် ချင်းပြည်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ချင်းပြည်အစိုးရကိုဖွဲ့စည်းခဲ့သည်။

ချင်းပြည် အစိုးရ ဖွဲ့စည်းမှုကို ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ အချို့က လက်မခံကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများ၊ မိသားစုဝင်များနဲ့အတူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

Facebook