Connect with us

Hi, what are you looking for?

News

ကော့ကရိတ်နားက ရွာတစ်ရွာမှာ နေအိမ်ပေါ်လက်နက်ကြီးကျ

အကြမ်းဖက်စစ်တပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ လိုက်လံပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတစ်ဦးရဲ့ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးသွားခဲ့ရပြီး အိမ်ရှင်ဖြစ်သူကတော့ ကြိုတင်ထွက်ပြေးနေခဲ့လို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး။

ကော့ကရိတ်မြို့အနီး ရွာသစ်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ဒီကနေ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

အကြမ်းဖက်စစ်တပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ လိုက်လံပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတစ်ဦးရဲ့ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးသွားခဲ့ရပြီး အိမ်ရှင်ဖြစ်သူကတော့ ကြိုတင်ထွက်ပြေးနေခဲ့လို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး။

ကော့ကရိတ်မြို့အနီးမှာရှိတဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ရွာသစ်ကျေးရွာထဲကို ဒီကနေ့ မနက် ၁၀ နာရီကျော်အချိန်က အကြမ်းဖက်စစ်တပ်က နယ်မြေကျူးကျော်ဝင်ရောက်လာတာကြောင့် နယ်မြေခံ KNLA တပ်နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

“လက်နက်ကြီးလက်နက်ငယ်သံတွေ ကြားရတယ်။ အသံကနည်းတာကြီး မဟုတ်ဘူး။ စစ်တပ်က ဘုရားဝင်းထဲကနေ နေရာယူပြီး လက်နက်ငယ် လက်နက်ကြီးတွေကော ပစ်နေတာ တွေ့ရတယ်” လို့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံတွေက ပြောကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ရွာသစ်ကျေးရွာနဲ့ ကမိုင်ကုန်းကျေးရွာနှစ်ရွာက ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ အာရှလမ်းမကြီးဘေးမှာရှိတဲ့ ပုလဲဖြူလူမှုကယ်ဆယ်ရေးရုံးနားနဲ့ ချောင်းတောင် ကျိုက်ဒုံလမ်းဆုံနေရာတွေမှာ နေရာယူထားကြတဲ့အပြင် ရွာသစ်ကျေးရွာအဝင်မှာရှိတဲ့ ကိုဗစ်ကာကွယ်ရေးဂိတ်မှာပါ တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါသေးတယ်။

ဒီနေ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိခိုက် သေဆုံး ဒဏ်ရာရရှိမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

ဒီကနေ့ ညနေပိုင်းအထိ လက်နက်ကြီးအသံတွေ ကြားနေရဆဲဖြစ်ပြီး ကော့ကရိတ်မြို့မှာပါမှာတော့ လူအသွားအလာကျဲနေတယ်လို့ မြို့ခံတစ်ဦးထံကနေ သိရပါတယ်။

မနေ့ အာက်တိုဘာ ၁၁ ရက်က ကော့ကရိတ်မြို့အနီး အာရှလမ်းမဘေးမှာရှိတဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့နွဲကျေးရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်ကျူးကျော်ခဲ့လို့ နယ်မြေခံ KNLA တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၅ ဦးသေုဆ့းပြီး အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူတာဝန်ရှိသူတစ်ဦးထံရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook