Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ယာဉ်တန်းကို ပုလဲPDF ထပ်မံတိုက်ခိုက်၊ စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရသူများ

“ကျနော်တို့ ပုလဲပြည်သူ့ကာကွယ်ရေး ပြောက်ကျားအဖွဲ့က ညမအိပ်ဘဲစောင့်ပြီး မိုင်းအတွဲလိုက် ခွဲတိုက်ခိုက်လိုက်တာပါ။”ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက pale entertainment စာမျက်နှာအား ဖြေကြားထားသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ပုလဲမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ -PPDF က နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၂ရက် နံနက် ၃နာရီ ၄၅မိနစ်ခန့်တွင် ပုလဲမြို့နယ်ကန့်ဒေါင့်ကျေးရွာ အရှေ့ဘက် လှိုင်းချောင်းလမ်းခွဲ အနီး၌ ဖြတ်သန်းလာသော စစ်ကောင်စီ ယာဉ်တန်းအား PPDFကပုလဲဂျိုကာ ဗိုလ်ပုလဲ ဦးဆောင်သည့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်း ၈ လုံးဖြင့် ဖောက်ခွဲခဲ့ရာ ကား ၅ စီး ထိခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြား သေဆုံးဒါဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့နောက် ဆက်လက်ထွက်ခွာလာသော ယာဉ်တန်းအား သပြေကုန်းလမ်းခွဲအနီးတွင် ပုလဲပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့ ဗိုလ်ကျားလေး၏တပ်စိတ်မှ မိုင်း ၁၈ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ကားတစ်ချို့ မီးစွဲလောင်ခဲ့ပြီး တစ်ချို့ကားများနေရာတွင်ပင် ပျက်စီးသွားခဲ့ကြောင်း၊ အရေအတွက်အတိအကျ အတည်မပြုနိုင်သော်လည်း ၎င်းယာဉ်တန်းပေါ်မှ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

“ကျနော်တို့ ပုလဲပြည်သူ့ကာကွယ်ရေး ပြောက်ကျားအဖွဲ့က ညမအိပ်ဘဲစောင့်ပြီး မိုင်းအတွဲလိုက် ခွဲတိုက်ခိုက်လိုက်တာပါ။”ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက pale entertainment စာမျက်နှာအား ဖြေကြားထားသည်။

Public Service Announcement

Public Service Announcement

ပုလဲ PDF က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများကို အောက်တိုဘာလအတွင်း ဆက်တိုက် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်အထိနာနေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook