Connect with us

Hi, what are you looking for?

News

စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်မှုတွေ ချက်ချက်အဆုံးသတ်ရေးနဲ့ တာဝန်ခံမှုရှိစေရေးလုပ်ဆောင်ဖို့ နိုင်ငံတကာကို မြန်မာသံအမတ်ကြီးတိုက်တွန်း

အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံရသူ ၈,၇၀၀ ကျော်၊ ရက်စက်စွာသတ်ဖြတ်ခံရသူ ၁,၁၀၀ ခန့် ရှိပြီဖြစ်ပြီး ၈လတာ ကာလအတွင်း စစ်တပ်က ဖမ်းဆီးထားစဉ် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံး ၁၅၀ရှိတယ်လို့ ဦးကျော်မိုးထွန်းက ဆက်ပြောပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှုများ ချက်ချင်းအဆုံးသတ်ရေးနဲ့ စစ်တပ်ကို တာဝန်ခံမှုရှိစေရေးတို့အတွက် နိုင်ငံတကာအသိုက်အဝန်းက အရေးယူဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က တိုက်တွန်းလိုက်ပါတယ်။

(၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဘာသာရပ်အောက်ရှိ ညှင်းပန်းနှိပ်စက်မှု၊ လူသားမဆန့်တဲ့ ရက်စက်ကြမ်းကြုတ်မှု ကိစ္စများဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနဲ့ အပြန်အလှန် ဆွေးနွေးမှု Virtual အစည်းအဝေးမှာ အခုလိုတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်လို့ အရေးယူခံရခြင်းကနေ ကင်းလွတ်လျက် ကျူးလွန်နေတာက ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းတွေ ပြုလုပ်ကာ အကြောက်တရားနဲ့ အုပ်ချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံရသူ ၈,၇၀၀ ကျော်၊ ရက်စက်စွာသတ်ဖြတ်ခံရသူ ၁,၁၀၀ ခန့် ရှိပြီဖြစ်ပြီး ၈လတာ ကာလအတွင်း စစ်တပ်က ဖမ်းဆီးထားစဉ် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံး ၁၅၀ရှိတယ်လို့ ဦးကျော်မိုးထွန်းက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဖမ်းဆီးဖို့ ကြိုးပမ်းစဉ် သေဆုံးမှုများစွာလည်းရှိကြောင်းနဲ့ မြန်မာစစ်တပ်က ကျူးလွန်တဲ့ညှင်းပန်း နှိပ်စက်မှုနဲ့ လူသားမဆန်သောဆောင်ရွက်ချက်တွေမှာ ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အစားအစာနဲ့ ရေဖြတ်တောက်ခြင်း၊ ဆေးကုသခွင့် မပေးခြင်းတို့အပြင် အခြားဆောင်ရွက်ချက်များစွာ ပါဝင်ကြောင်းလည်း မြန်မာသံအမတ်ကြီးက ရှင်းပြပါတယ်။

တာဝန်ခံမှုနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ တရားစီရင်မှုကို လက်ခံကြောင်းနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား အပါအဝင် အခြားသော အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။