Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် စစ်ကောင်စီရိက္ခာယာဥ်တန်း တိုက်ခိုက်ခံရ

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၀ဦးသေဆုံးပြီး ၂၈ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။

(စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သောပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Young Force )
(စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သောပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Young Force )

▪️လေကြောင်းမှ တန်ပြန်တိုက်ခိုက်၍ ပြည်သူလေးဦး သေဆုံး

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူ – ကမ္မလမ်းပိုင်း၌ စစ်ကောင်စီ၏ ရိက္ခာယာဥ်တန်းတိုက်ခိုက် ခံရ၍ လေကြောင်းမှတိုက်ခိုက်ရာ ပြည်သူ လေးဦး သေဆုံးခဲ့သည်။

ဇွန်လ ၄ ရက်က ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁)မှလာသော ချင်းပြည်နယ်၊ မင်းတပ်မြို့ဘက်သို့ ရိက္ခာပို့သည့် စစ်ကောင်စီယာဥ် ၁၃စီးနှင့် အင်အား ၁၅၀ပါ စစ်ကြောင်းကို ပခုက္ကူ-ကမ္မလမ်းပိုင်းတနေရာတွင် ဒရုန်းများဖြင့် ဗုံးသီး အလုံး ၅၀ နီးပါးချ တိုက်ခိုက်ခဲ့ကြောင်း Young Force UGအဖွဲ့က ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၀ဦးသေဆုံးပြီး ၂၈ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သောပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Young Force )
(စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သောပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ – Young Force )

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

” သေတဲ့သူတွေကို မိုးကာနဲ့ စုထုပ်ပြီး သယ်သွားတဲ့အနေအထားရှိတယ်။ အခုတော့အဲဒီယာဥ်တန်းက ကံတော်နဲ့ညောင်ဂျစ်ပင်နားမှာရှိနေတယ်။ အီနာဂါဗုံးနဲ့ချတာတွေကြောင့် သူတို့ကားတွေပျက်စီးပြီး ပြုပြင်ဆဲအနေအထားမှာရှိတယ်။ ဆက်မထွက်နိုင်သေးဘူး။ ဒါပေမယ့် ဒီကနေ့မနက်အထိ MI-35 နဲ့ အဲဒီယာဥ်တန်းအတွက် လုံခြုံရေးပေးနေတာမျိုးရှိတယ်။”ဟု Young Force UG အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောသည်။

အထိနာသွားသည့်စစ်ကောင်စီတပ်က အနီးရှိ ကံမြင့်ကုန်းကျေးရွာကို နံနက် ၉ နာရီ ၁၅ မိနစ်နှင့် ၉ နာရီခွဲခန့်​က လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ကလေးနှင့် အဘွားအိုအပါအဝင် အမျိုးသမီး လေးဦးသေဆုံးကာ ၁၆ဦး ထိခိုက်​ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သောပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Young Force )
(စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သောပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ – Young Force )

“ပေါင် ငါးရာ​ဗုံးနဲ့ ရော့ကတ်သီးတွေ။ ရော့ကတ်သီးကတော့အတွဲလိုက်ပစ်ချခဲ့တာ။ ပေါင်ငါးရာဗုံးသီးက တစ်လုံးချတယ်။ မိသားစုနှစ်စုက မိသားစုဝင်တွေတော်တော်များများ ထိခိုက်ဒဏ်ရာရတာနဲ့သေကုန်ကြတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နေအိမ် နှစ်လုံးထက်မနည်း ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်အချို့လည်း သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ဆင်ရေးအား ပခုက္ကူ၊ ကမ္မနှင့် မြိုင်မြို့နယ်မဟာမိတ်တပ်ဖွဲ့များနှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၂မှ Thurain-TR(Pakokku)နှင့် Young Force UG တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Young Force UG နှင့် မဟာမိတ်များသည်ဇွန်လ ၃ ရက်ကလည်း ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၂ ရွာက အိမ်ခြေ ၇၀ နီးပါး ပြာကျခဲ့ပါတယ်။