Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း ဥက္ကဌနှင့် အတွင်းရေးမှူးကို စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်း

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းသည် စစ်တပ်အာဏာမသိမ်းက နိုင်ငံ၏ရွှေဈေးနှုန်းကို သတ်မှတ်ပြီး အသင်း၏သတ်မှတ်ချက်ပေါ်မူတည်၍ ရောင်းဝယ်ကြခြင်းဖြစ်သည်။

(ရန်ကုန်ရွှေအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်(တိုက်ပုံအဝါ)၊ ရွှေအသင်းဥက္ကဋ္ဌ (တိုက်ပုံအဖြူ၊ မျက်မှန်တပ်ထားသူ)တို့အား တွေ့ရစဉ်။ ဓာတ်ပုံ - YGEA)
(ရန်ကုန်ရွှေအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်(တိုက်ပုံအဝါ)၊ ရွှေအသင်းဥက္ကဋ္ဌ (တိုက်ပုံအဖြူ၊ မျက်မှန်တပ်ထားသူ)တို့အား တွေ့ရစဉ်။ ဓာတ်ပုံ - YGEA)

စောနွေဦး/People’s Spring

နွေဦးတော်လှန်ရေးသမားများအား လှောင်ပြောင် လေ့ရှိသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းဥက္ကဌဦးမျိုးမြင့်နှင့် အတွင်းရေးမှူးဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင့် ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောသည်။

ပြည်တွင်းအခေါက် ရွှေတစ်ကျပ်သားကို ကျပ် သိန်း၅၈ကျော်အထိမြင့်တက်လာချိန်တွင် ရွှေလုပ်ငန်းရှင် ၂၀ကျော်ဖမ်းဆီးပြီးနောက် ၎င်းတို့နှစ်ဦးကို စစ်ကောင်စီက ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောသည်။

ဦးမျိုးမြင့်(ညအစွန် မျက်မှန်တပ်ဆင်ထားသောသူ)
ဦးမျိုးမြင့်(ညအစွန် မျက်မှန်တပ်ဆင်ထားသောသူ)

” စသုံးလုံးက ဖမ်းထားတယ်ကြားတယ်။အမှုတပ်ပြီးဖမ်းတာတော့ မဟုတ်ဘူး။ အသင်းကိုကော၊ ဆိုင်တွေမှာ သူတို့မလာကြတော့ဘူး”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် အသင်းဥက္ကဌနှင့် အတွင်းရေးမှူးတို့၏ လှုပ်ရှားမှုကို ဇွန်လ ၁ရက်တွင်နောက်ဆုံးတင်ခဲ့ပြီး ထိုနောက်ပိုင်းတွင် စစ်ကောင်စီထိန်းချုပ်ထားသည့် အထူးစုံစမ်းစစ်ရေးရေးဌာနက အရာရှိများ၏ လှုပ်ရှားမှုများသာ ထုတ်ပြန်တော့သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ယမန့်နေ(ဇွန်လ ၈ရက်)ကထုတ်ပြန်သည့် သင်တန်း ဆင်းပွဲကို ကျောက်တံတားခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်၊ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းတွဲဘက်အတွင်းရေးမှုး ဦးအေးချိုနှင့် အခြားရွှေလုပ်ငန်းရှင်များသာတက်ရောက်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၅၈ သိန်းအထိ မေလလယ်မှ စတင်ပြီး မြင့်တက်လာပြီးနောက် စစ်ကောင်စီက ရွှေလုပ်ငန်းရှင်နှင့်ငွေလဲလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးခဲ့သည်။

ငွေကြေးတန်ဖိုး ကမောက်ကမဖြစ်အောင်လုပ်သည့်အတွက် လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် ပြောခဲ့သည်။

ဦး၀င်းမြင့်အား တွေ့ရစဉ်
ဦး၀င်းမြင့်အား တွေ့ရစဉ်

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းဥက္ကဌ ဦးမျိုးမြင့်သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ပူးပေါင်းကာ ရွှေလုပ်ငန်းရှင်နှင့်ရွှေဆိုင်များကို ဖိအားခြိမ်းခြောက်ရာတွင် တက်ကြွစွာပါဝင်ခဲ့သူဖြစ်သည်။

၎င်းတို့အသင်း၏ ဖေ့ဘုတ်စ်စာမျက်နှာတွင်လည်း တနင်္ဂနွေနေ့တိုင်း ဂေါက်ရိုက်သည့် ဓာတ်ပုံများတင်က နွေဦးတော်လှန်ရေးသမားများကို အပတ်စဉ်လှောင်ပြောင်နေသူတစ်ဦးလည်းဖြစ်သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းသည် စစ်တပ်အာဏာမသိမ်းက နိုင်ငံ၏ရွှေဈေးနှုန်းကို သတ်မှတ်ပြီး အသင်း၏သတ်မှတ်ချက်ပေါ်မူတည်၍ ရောင်းဝယ်ကြခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အဆိုပါအသင်းက စစ်ကောင်စီအလိုကျဈေးနှုန်းသတ်မှတ်ပေးရသည့် အသင်းဖြစ်လာပြီး ဈေးကွက်ပေါက်ဈေးနှင့် မကိုက်ညီသောဈေးနှုန်းများထုတ်ပြန်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။