Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်နှင့်မန္တလေးမှ ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီဖမ်းဆီး

စစ်ကောင်စီကလုပ်ငန်းရှင် အနည်းဆုံး ၁၀ယောက်ကျော်ကို ဖမ်းဆီးပြီး ရွှေဆိုင် ၇ ဆိုင်ခန့်ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကသိရသည်။

ရန်ကုန်နှင့်မန္တလေးမှ ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီဖမ်းဆီး
ရန်ကုန်နှင့်မန္တလေးမှ ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီဖမ်းဆီး

ရွှေဈေးနှင့် ဒေါ်လာဈေးမြင့်တက်လာပြီးနောက်စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များနှင့် ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကို ဖမ်းဆီးနေကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရသည်။

စစ်ကောင်စီကလုပ်ငန်းရှင် အနည်းဆုံး ၁၀ယောက်ကျော်ကို ဖမ်းဆီးပြီး ရွှေဆိုင် ၇ ဆိုင်ခန့်ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကသိရသည်။

“ကြားရတာတော့ ရွှေဆိုင်ပိုင်ရှင် ၁၀ ဦးကျော်ကိုစသုံးလုံးကဖမ်းသွားတယ်လို့ကြားရတယ်”ဟုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူများမှာ မန္တလေးနှင့် ရန်ကုန်မှ လုပ်ငန်းရှင်များဖြစ်သည်ဟု သိရသည်။ ဖမ်းဆီးထားသည့်ရွှေလုပ်ငန်းရှင်များအမည်ကို တိတိကျကျ မသိရသေးကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကသိရသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံထားရ​​သောလုပ်ငန်းရှင်များကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေတို့နှင့်အရေးယူရမည်ဟုသိရ​ကြောင်းလည်းလုပ်ငန်းရှင်အချို့က​ပြောသည်။

မန္တလေးရှိ ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းများတွင် ပြည်ပကို တရားမဝင်ရွှေတင်သွင်းခြင်းနှင့်တင်ပို့ခြင်းများ နှင့် တရားမဝင် နိုင်ငံခြားငွေလဲလှယ်ခြင်းများ ဆောင်ရွက်နေသည်ဟု စစ်ကောင်စီစွပ်စွဲပြီးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။လုပ်ငန်းရှင်များကို ဇွန် ၁၄ ရက်မှ စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

စစ်ကောင်စီ၏ ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီကစစ်ကောင်စီဗဟိုဘဏ်၊ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးဦးစီးနှင့် အခြားအဖွဲ့အစည်းများဖြင့် ဇွန် ၁ ရက်နှင့် ၂ ရက်များတွင် သွားရောက်စစ်ဆေးခဲ့ပြီး ယခုလို့ စစ်ကောင်စီက စွပ်စွဲကာဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟုသိရ​ကြောင်းလုပ်ငန်းရှင်အချို့က​ပြောသည်။

ထို့အပြင်စစ်ကောင်စီက ဇွန်လ ၉ရက်တွင် ၎င်းတို့သတ်မှတ်ထားသည့် နှုန်းအတိုင်း ဒေါ်လာရောင်းချခြင်းမပြုခဲ့သည့် ထားဝယ်မြို့အခြေစိုက်ငွေလဲကောင်တာနှစ်ခုကို ၃ လပိတ်သိမ်းခဲ့သည်။

စစ်ကောင်စီကရွှေလုပ်ငန်းများကိုပြသနာရှာနေခြင်းကြောင့်မေလစတုတ္ထပတ်မှ စ၍လုပ်ငန်းရှင်များအကြား ရွှေအရောင်းအဝယ်ဈေးကွက်ကို ရပ်ဆိုင်းထားသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

လက်ရှိရွှေဆိုင်များတွင် ပြန်လည်ရောင်းချသူများ များပြားနေကြောင်းလည်း ရွှေဆိုင်များထံမှ သိရသည်။

“တချို့ကတော့ အမြတ်ရတယ်ဆိုပြီးတစ်ကျပ်သား၊ နှစ်ကျပ်သားလောက်ပြန်ရောင်းကြတယ်။ အများစုကတော့ ဈေးကွက်အနေအထားကို စောင့်ကြည့်နေတယ်”ဟု ရွှေအရောင်းအဝယ်သမားတစ်ဦးကပြောသည်။

ပြည်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၁၂၇,၀၀၀နှင့် တစ်ဒေါ်လာကို ကျပ် ၂၉၈၀အထိပေါက်ဈေးရှိနေသည်။ စစ်ကောင်စီက ရွှေဆိုင်များကို အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းကျော်၍ မရောင်းရန်နှင့် တစ်ဒေါ်လာကို ၂၁၀၀ သတ်မှတ်ပြီးရောင်းချခိုင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။