Connect with us

Hi, what are you looking for?

News

နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ နောက်လိုက်တွေကို တာဝန်မှရပ်စဲကြောင်း People’s Soldiers ထုတ်ပြန်

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အသက်နဲ့ထပ်တူ ကာကွယ်ပေးရမယ့်တာဝန်ဟာ တပမတော်သားတွေရဲ့ တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို တာဝန်မှရပ်စဲလိုက်တယ်လို့ People’s Soldiers က ဒီနေ့(အောက်တိုဘာ၁၃) ထုတ်ပြန်ကြေညာပါတယ်။

ပြည်သူ့ရင်ခွင်ကိုခုံလှုံလာပြီး ခုံလှုံမယ့်တပ်မတော်သားတွေကို ဖိတ်ခေါ်နေတဲ့ People’s Soldiers အဖွဲ့က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုဟာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင်နဲ့ စစ်တပ်အကြီးအကဲတွေဟာ တပ်မတော်ရဲ့ စစ်စည်းကမ်းကို ချိုးဖောက်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အသက်နဲ့ထပ်တူ ကာကွယ်ပေးရမယ့်တာဝန်ဟာ တပမတော်သားတွေရဲ့ တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

တာဝန်ရပ်စဲခံရတဲ့ မင်းအောင်လှိုင်နဲ့ နောက်လိုက်အပေါင်းအပါတွေဟာ တပ်မတော်ကို ကိုယ်စားပြုခြင်းမရှိတော့ဘဲ သူတို့ရဲ့အမိန့်တွေကို တပ်မတော်သားတွေက နာခံဖို့မလိုအပ်ဘူးလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

တပ်မတော်သားတွေရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကို အပြစ်ပေး အရေးယူဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

အဲဒီလိုအပြစ်ပေးအရေးယူဖို့အတွက် တပ်မတော်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းကာ ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရမယ်လို့ People’s Soldiers က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်သူ လူထုက ရွေးချယ်တင်မြှောက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အစိုးရနဲ့ ပြည်ထောင်စုတပ်မတော်တစ်ရပ်ပေါ်ပေါက်လာရေး အတွက် တပ်မတော်သားတွေအနေနဲ့ ပြည်သူလူထုနဲ့ အမြန်ဆုံးပူးပေါင်းသွားဖို့ People’s Soldiersက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။