Connect with us

Hi, what are you looking for?

LuduNwayOo

News

နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ နောက်လိုက်တွေကို တာဝန်မှရပ်စဲကြောင်း People’s Soldiers ထုတ်ပြန်

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အသက်နဲ့ထပ်တူ ကာကွယ်ပေးရမယ့်တာဝန်ဟာ တပမတော်သားတွေရဲ့ တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို တာဝန်မှရပ်စဲလိုက်တယ်လို့ People’s Soldiers က ဒီနေ့(အောက်တိုဘာ၁၃) ထုတ်ပြန်ကြေညာပါတယ်။

ပြည်သူ့ရင်ခွင်ကိုခုံလှုံလာပြီး ခုံလှုံမယ့်တပ်မတော်သားတွေကို ဖိတ်ခေါ်နေတဲ့ People’s Soldiers အဖွဲ့က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုဟာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင်နဲ့ စစ်တပ်အကြီးအကဲတွေဟာ တပ်မတော်ရဲ့ စစ်စည်းကမ်းကို ချိုးဖောက်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အသက်နဲ့ထပ်တူ ကာကွယ်ပေးရမယ့်တာဝန်ဟာ တပမတော်သားတွေရဲ့ တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

တာဝန်ရပ်စဲခံရတဲ့ မင်းအောင်လှိုင်နဲ့ နောက်လိုက်အပေါင်းအပါတွေဟာ တပ်မတော်ကို ကိုယ်စားပြုခြင်းမရှိတော့ဘဲ သူတို့ရဲ့အမိန့်တွေကို တပ်မတော်သားတွေက နာခံဖို့မလိုအပ်ဘူးလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

တပ်မတော်သားတွေရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကို အပြစ်ပေး အရေးယူဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

အဲဒီလိုအပြစ်ပေးအရေးယူဖို့အတွက် တပ်မတော်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းကာ ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရမယ်လို့ People’s Soldiers က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်သူ လူထုက ရွေးချယ်တင်မြှောက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အစိုးရနဲ့ ပြည်ထောင်စုတပ်မတော်တစ်ရပ်ပေါ်ပေါက်လာရေး အတွက် တပ်မတော်သားတွေအနေနဲ့ ပြည်သူလူထုနဲ့ အမြန်ဆုံးပူးပေါင်းသွားဖို့ People’s Soldiersက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အမည်အား ဟာသ တစ်တော့ ရုပ်သံတစ်ခု၌ သုံးစွဲရိုက်ကူးထားသည်ဆိုကာ ၎င်းအား စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင်လှုံ့ဆော်ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်တွင် ပုဂံမြို့သို့လာရောက်ကာ စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခဲ့သော်လည်း အာဏာသိမ်းစစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကိုတွေ့ဆုံခြင်းမရှိခဲ့ပေ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတ ကာမျက်နှာစာတွင် တိုးမဝင်နိုင်စေရေး သံခင်းတမန်ခင်းစွမ်းရည်ကို သုံးပြီး ဆက်လက် ကြိုးစားကြရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။