Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုရှိ ခမရ(၆၀၆)အမြောက်တပ်နှင့် အုမ္မခါးရွာတပ်စခန်းကို TNLA နှင့်ပူး​ပေါင်းတပ်ထပ်မံသိမ်းပိုက်

တအာင်းတပ် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ် စကခ(၁)၊ ခမရ(၅၀၁)၊ (၅၀၂)တပ်များအကြားတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA)
(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA)

▪️TNLA ပူးပေါင်းတပ်သိမ်းထားသည့်နေရာများနှင့်တိုက်ပွဲဖြစ်ရာနေရာအချို့ကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်

ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)အပါအဝင်မဟာမိတ်ပူးပေါင်းတပ်များက ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အဖြစ် စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိရာ စစ်ဆင်ရေးတတိယမြောက်နေ့ ဖြစ်သော ယနေ့(ဇွန်လ ၂၇ရက်)တွင် စစ်ကောင်စီတပ်စခန်းအချို့ကို ထပ်မံ သိမ်းပိုက် နိုင်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ ၂၆)အထိ တပ်စခန်း ၂၄ခု သိမ်းပိုက်ရရှိထားရာ ယနေ့(ဇွန်လ ၂၇ရက်)တွင် နောင်ချိုရှိ အုမ္မခါးရွာတပ်စခန်းနှင့် ခမရ(၆၀၆)အမြောက်တပ်စခန်းတို့အား ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA)
(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA)

ယနေ့တွင် မိုးကုတ်မြို့နယ် အေးစေတီတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မ(၈၈)လက်အောက်ခံ လပခ၊ ခလရ- ၂၄၈တပ်စခန်းအား TNLAက ထိုးစစ်ဆင် တိုက်ခိုက်ခဲံပြီး ကျောက်မဲမြို့တွင် လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တအာင်းတပ် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ် စကခ(၁)၊ ခမရ(၅၀၁)၊ (၅၀၂)တပ်များအကြားတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ – ၁၁၅ တပ်စခန်းအား တအာင်းတပ် TNLA စစ်ကြောင်းမှ နံနက် ၆နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၁၀နာရီတွင် အုမ္မခါးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအားသိမ်းပိုက် နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီတပ်ရင်း (၆၀၆)တပ်စခန်းအား ယနေ့ နံနက် ၁၁နာရီတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီကလည်း Y-12 လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ကြောင်း ဖော်ပြသည်။

TNLA ထိုးစစ်ဆင်တိုက်ခိုက်နေသည့်စစ်ကောင်စီတပ်ရင်း ခမရ(၁၁၄)တပ်စခန်းကိုလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

“ဒီမနက်မှာ လေကြောင်းက ဗုံးငါးလုံးကြဲချတယ်။ ထိခိုပ်မှုကတော့ မသိရသေးဘူး။ အရပ်သားတွေကတော့ အပြင်တွေမှာရောက်ကုန်ကြပြီ”ဟု နောင်ချိုမြို့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်တွင် ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးနှင့်အတူ လက်နက်ကြီး နှစ်လက်၊ စက်သေနတ် ၆လက်၊ RPG-7 ၂လက်၊ စနိုက်ဘာ ၁လက်၊ ပစ္စတို ၅လက်အပါအဝင် လက်နက်မျိုးစုံ ၅၉ လက်နှင့် ခဲယမ်းကျည်များစွာ သိမ်းရခဲ့ကြောင်း ဖော်ပြသည်။

(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA)
(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA)

နောင်ချိုမြို့ ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ဇွန်လ ၂၆ရက်တွင် TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

TNLA သိမ်းပိုက်ရရှိထားသည့် ခမရ(၁၁၅)တပ် စခန်းကိုလည်း စစ်ကောင်စီက ယမန်နေ့ညတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အလားတူ ဇွန်လ ၂၆ရက်တွင် မိုးကုတ်မြို့နယ် တအာင်းတပ်သိမ်းပိုက်ရရှိထားသည့် စလောင်တောင်နှင့် အုပ်ဆောင်းတောင်တို့ကိုလည်း စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံးသုံးလုံးလာရောက်ကြဲချခဲ့ကြောင်း ဖော်ပြထားသည်။

TNLAနှင့် ပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်ရေးအဆက် သုံးရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၅ ခုကျော် သိမ်းပိုက်ထားပြီး နောင်ချို၊ ကျောက်မဲမြို့များတွင် ဝင်ရောက်နေရာယူထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။