Connect with us

Hi, what are you looking for?

သတင်း

ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတပ်ပေါင်းစု တိုက်ပွဲဆက်ဖြစ်၊

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များကို CNF/CNA ပူးပေါင်းတပ်က ထိုးစစ်ဆင်မှုကြောင့် ဇွန်လ ၂၄ရက်မှ ဇူလိုင် ၇ရက်ထိ ပစ်ခတ်မှု ၈ကြိမ်ဖြစ်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

(ချင်းပြည်​ကောင်စီတပ်​ပေါင်းစုမှ တပ်ဖွဲ့ဝင်များ နှင့် ချင်ညီ​နောင်မှ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-CDF-VAKOK ၊ Yaw Mang)
(ချင်းပြည်​ကောင်စီတပ်​ပေါင်းစုမှ တပ်ဖွဲ့ဝင်များ နှင့် ချင်ညီ​နောင်မှ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-CDF-VAKOK ၊ Yaw Mang)

▪️CNA ပူးပေါင်းတပ်က ထိုးစစ်ဆင်ဟု ချင်းညီနောင် ထုတ်ပြန်

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မတူပီမြို့နယ်နှင့် ဆက်စပ်ဒေသများ၌ ချင်းညီနောင်၊ ရက္ခိုင့်တပ်တော်(AA) ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်နှင့် ချင်းအမျိုးသားတပ်မတော်(CNA) ပါဝင်သည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုအကြား ဇွန်နောက်ဆုံးပတ်နှင့် ဇူလိုင်ပထမပတ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

မတူပီမြို့ သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့သည့် ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည် ဇွန်လ ၁၈ရက်တွင် တိုက်ပွဲ စတင်ခဲ့ပြီးနှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်။ ဇွန်လ ၂၄ရက်တွင် ချင်းပြည်ကောင်စီ တပ်ပေါင်းစုကို မတူပီမြို့နယ်မှ ဆုတ်ခွာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင်က ကနဦးထုတ်ပြန်ခဲ့သော်လည်း ဇူလိုင် ၇ရက်တွင် ထပ်မံထုတ်ပြန်မှုအရ ဇွန်လ ၂၄ရက်မှ ဇူလိုင် ၇ရက်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များကို CNF/CNA ပူးပေါင်းတပ်က ထိုးစစ်ဆင်မှုကြောင့် ဇွန်လ ၂၄ရက်မှ ဇူလိုင် ၇ရက်ထိ ပစ်ခတ်မှု ၈ကြိမ်ဖြစ်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(ချင်းပြည်​ကောင်စီတပ်​ပေါင်းစုမှ တပ်ဖွဲ့ဝင်များ နှင့် ချင်ညီ​နောင်မှ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-CDF-VAKOK ၊ Yaw Mang)
(ချင်းပြည်​ကောင်စီတပ်​ပေါင်းစုမှ တပ်ဖွဲ့ဝင်များ နှင့် ချင်ညီ​နောင်မှ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-CDF-VAKOK ၊ Yaw Mang)

မတူပီ – ပလက်၀ လမ်းရှိ ဘွေလီတံတားနှင့် လေဆင်ရွာကြား၊ ၀လံပီနှင့် ကုလားရွာကြား၊ ကုလားရွာနှင့် ဒိန်ကလိန်ရွာကြား၊ ဒိန်ကလိန်ရွာနှင့် ၉မိုင် အကြား၊ လေဆင်းရွာလုံးဆုံ၊ ၀လံပီရွာလမ်းဆုံ စသည့်နေရာဒေသများ၌ ချင်းပြည်ကောင်စီ တပ်ပေါင်းစုက ခြုံခိုတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းညီနောင်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ယမန်နေ့ညကတည်းက ချင်းပြည်ကောင်စီ တပ်ပေါင်းစုမှ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ချင်းညီနောင်အနေဖြင့် မတူပီမြို့သိမ်းတိုက်ပွဲကို ဇွန်လ ၉ရက်တွင် စတင်ခဲ့ရာ ဇွန်လ ၂၉ရက်တွင် မတူပီရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီးဖြစ်သည်ဟု ကြေညာခဲ့သည်။

စစ်ကောင်စီ ကင်းစင်ပြီးဖြစ်သော မတူပီမြို့နယ် အတွင်း CNA ဦးဆောင်သည့် ပူးပေါင်းတပ်များက မတူပီ မြို့သိမ်းစစ်ဆင်ရေးဟုဆိုကာ အင်အားဖြည့်တင်း၍ ဆက်လက် အခြေချနေကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းညီနောင်အနေဖြင့်လည်း ချင်းပြည်လွတ်မြောက်ရေးအတွက် ရက္ခိုင့်တပ်တော်(AA) အပါအဝင် မဟာမိတ်အင်အားစုများနှင့်အတူ ပူးပေါင်းပြီး စစ်ကောင်စီ အလုံးစုံ ကင်းစင်ရေး ဆက်လက်လုပ်ဆောင်မည်ဟုလည်း ထုတ်ပြန် ကြေညာခဲ့သည်။

တစ်ဖက်တွင်လည်း ချင်းညီနောင်နှင့်အတူ တိုက်ပွဲဖော်ဆောင်နေပြီး မတူပီမြို့နယ်အတွင်း ယခင်ထက်ပိုမို အင်အားဖြည့်တင်းခြင်း၊ တပ်စခန်း တိုးချဲ့ခြင်း ပြုလုပ် နေသည့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့အားလုံးမြို့နယ်အတွင်းမှ ထွက်ခွာပေးရန် Global Matupi CDF Supporting Committee က တောင်းထို ထားသည်။

CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း AAအနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးဖော်ဆောင်မှုသည် ပြဿနာကို မီးခွက်ထွန်းရှာသည့် အခြေအနေမျိုးဖြစ်၍ ရခိုင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကိုသာ ထိုးစစ်ဆင်တိုက်ခိုက်ရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။