Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ အိမ်ပေါ်ကျပြီးပြည်သူခြောက်ဦးဒဏ်ရာရ

“စစ်ကောင်စီဘက်က ပစ်တဲ့ကျည်က အိမ်နှစ်လုံးပေါ်ကိုကျတာ။ တိုက်ပွဲအရမ်းပြင်းတယ်”ဟု ဒေသခံတစ်ဦးကပြော သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် ကိုးကန့်လက်နက် ကိုင်အဖွဲ့ (MNDAA)နှင့်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် လူနေအိမ်ပေါ်သို့ ကျရောက်သဖြင့် ဒေသခံပြည်သူ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

MNDAAနှင့် အကြမ်းဖက်စစ်ကောင်စီသည်မုံးကိုးမြို့ပေါ်တွင် အောက်တိုဘာ ၁၄ရက်တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီဘက်က ပစ်တဲ့ကျည်က အိမ်နှစ်လုံးပေါ်ကိုကျတာ။ တိုက်ပွဲအရမ်းပြင်းတယ်”ဟု ဒေသခံတစ်ဦးကပြော သည်။

အကြမ်းဖက်စစ်ကောင်စီကအာဏာသိမ်းပြီးနောက် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အချို့က ပြည်သူ့ဘက်မှရပ်တည်၍ စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေရာတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAAက)ကလည်း မုံးကိုးမြို့နယ်တွင် စစ်မျက်နှာဖွင့်တိုက်ခိုက်နေသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကာလကြာလာသည်နှင့်အမျှ စစ်ဘေးရှောင် ငါးထောင်ခန့်ရှိလာပြီး စစ်ဘေးရှောင်များကို ကူညီကြရန် မူဆယ်နှင့် မုံးကိုးအခြေစိုက် လူမှုရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

(ဒဏ်ရာရသူများကို လူနာတင်ယာဥ်ဖြင့်ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook