Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင် ယမန်နေ့ညနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့

ကျောက်မဲမြို့တွင် ဇူလိုင် ၁၄ ရက်ညနေပိုင်းက စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွင် အရပ်သားနှစ်ဦးထပ်မံဒဏ်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

(လားရှိုး မြို့တွင် ဇူလိုင် ၁၄ရက် ၊ ရပ်ကွက်(၇)အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုမြင်ကွင်း။ဓါတ်ပုံ-CJ)
(လားရှိုး မြို့တွင် ဇူလိုင် ၁၄ရက် ၊ ရပ်ကွက်(၇)အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုမြင်ကွင်း။ဓါတ်ပုံ-CJ)

▪︎ကျောက်မဲမြို့ တွင် ယနေ့နံနက် တိုက်ပွဲဖြစ်နေ

မိထက်/People’s Spring

လေးရက်ကြာအပစ်ရပ်မည်ဟု ကိုးကန့်တပ်မတော်(MNDAA)က ကြေငြာထားသော်လည်း လားရှိုးမြို့တွင် ယမန်နေ့ (ဇူလိုင် ၁၄) ညနက်ပိုင်းအထိ တိုက်ပွဲများပြင်းထန်ခဲ့သလို ကျောက်မဲမြို့တွင် ယနေ့နံနက် ပစ်ခတ်သံများကြားနေရကြောင်းဒေသခံများကပြောသည်။

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် MNDAAက ဇူလိုင် ၁၄ရက် ညပိုင်း ၁၂နာရီမှစ၍ ၄ ရက်အပစ်ရပ်မည်ဟု တရုတ်ဘာသာဖြင့် ကြေညာခဲ့သည်။

သို့​သော် ဇူလိုင် ၁၄ ရက်နေ့ညက လားရှိုး၊ ကျောက်မဲ၊ သီပေါမြို့တို့၌ တိုက်ပွဲပြင်းထန်ခဲ့ပြီးည ၁၁နာရီကျော်မိုးသည်းထန်စွာရွာသွန်းသည့်အချိန်မှသာ ပစ်ခတ်သံများရပ်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“လားရှိုးမှာဆိုရင် စစ်တပ်က လေကြောင်းကနေပါလာပစ်တာ။ ကျောက်မဲရော၊သီပေါရော၊လားရှိုးရောတစ်ကြောလုံး ချကြတာ။ အဓိကက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေတာ။ ဒီမနက်လည်း ကျောက်မဲမြို့မှာ ချနေကြတယ်” ဟု ရှမ်းမြောက်‌ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ကျောက်မဲမြို့တွင် ယခင်ရက်များထက် ယ​နေ့ (ဇူလိုင်၁၅)အနည်းငယ်ကထက် စစ်ရေးတင်းမာနေသည့်အနေအထားဟု ဒေသခံတဦးကပြောသည်။

“အခြေအနေက လုံးဝမကောင်းပါဘူး။ ပစ်ခတ်သံတွေကြားနေရပါတယ်။ အပြင်ထွက်လို့တောင် မသင့်တဲ့အနေအထားပါ” ဟု ကျောက်မဲမြို့ခံတစ်ဦးကပြောသည်။

ကျောက်မဲမြို့တွင် ဇူလိုင် ၁၄ ရက်ညနေပိုင်းက စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွင် အရပ်သားနှစ်ဦးထပ်မံဒဏ်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

၄ရက်ကြာ အပစ်ရထားမည်ဟု MNDAA ကြေငြာချက်၌ လားရှိုးမြို့ထိုးစစ်ဆင်မှုကိုသာ ရည်ညွှန်းထားသည်ကို တွေ့ရသည်။ သို့သော် စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်လာပါ ပြန်လည်ခုခံရန် အမိန့်ပေးထားသည်။

လက်ရှိစစ်ဆင်ရေးတွင် MNDAA ကလားရှိုးမြို့မှစစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေပြီးတအာင်းတပ်မတော်(TNLA)က ကျောက်မဲ၊ သီပေါ၊နောင်ချို၊ မိုးမိတ်မြို့တို့ကို တိုက်ခိုက်နေခြင်းဖြစ်သည်။၄ရက်ကြာ အပစ်ရပ်မှုနှင့်ပတ်သက်၍ TNLAက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။