Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ထိုင်းဘဏ်တွေ ကူညီခဲ့တယ်ဆိုတဲ့ကိစ္စ ဘဏ်တွေနဲ့ ဆွေးနွေးဖို့ ထိုင်းအစိုးရ စီစဉ်

အာဏာသိမ်း မြန်မာ စစ်ကောင်စီအတွက် ထိုင်းဘဏ်တွေက အကူအညီ ဖြစ်စေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဟာ ပြည်တွင်းဘဏ်တွေနဲ့ အလေးအနက် ဆွေးနွေးဖို့ စီစဉ်နေပါတယ်။

အာဏာသိမ်း မြန်မာ စစ်ကောင်စီအတွက် ထိုင်းဘဏ်တွေက အကူအညီ ဖြစ်စေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဟာ ပြည်တွင်းဘဏ်တွေနဲ့ အလေးအနက် ဆွေးနွေးဖို့ စီစဉ်နေပါတယ်။ အဲဒီ ဆွေးနွေးမှုတွေရဲ့ ရည်ရွယ်ချက်ကတော့ စစ်ကောင်စီက လက်နက်တွေ ဝယ်ယူရာမှာ ထိုင်းဘဏ်တွေကနေတဆင့် ငွေကြေးလွှဲပြောင်းမှုတွေ ပြုလုပ်တဲ့အပေါ် ပိုမို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နိုင်ရေး ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက ဇူလိုင် ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူရာမှာ ထိုင်းဘဏ်တွေရဲ့ ငွေလွှဲဝန်ဆောင်မှုတွေကို အသုံးချခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့နောက် ထိုင်းအောက်လွှတ်တော်ဟာ စွပ်စွဲခံရတဲ့ ထိုင်းဘဏ်အသီးသီးရဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး ကြားနာ စုံစမ်းမှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ ကြားနာမှုအတွင်း ထိုင်းဘဏ်တွေက သူတို့ဟာ အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို အတိအကျ လိုက်နာခဲ့ကြောင်း၊ ဒါပေမဲ့ ငွေကြေး လွှဲပြောင်းမှုတွေရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့တော့ လက်နက်ဝယ်ဖို့ ဟုတ်မဟုတ် ဆိုတာကို သူတို့အနေနဲ့ စောင့်ကြည့်နိုင်စွမ်း မရှိကြောင်း ဖြေရှင်းချက် ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာ

ဒီအခြေအနေတွေကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ငွေကြေး လွှဲပြောင်းမှုတွေကို ဘဏ်တွေက ပိုပြီး ထိထိရောက်ရောက် စောင့်ကြည့်နိုင်ရေးကိစ္စ ဆွေးနွေးဖို့အတွက် ဇူလိုင် ၂၄ ရက်မှာ တွေ့ဆုံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အတိုက်အခံ Move Forward ပါတီရဲ့ အမတ်တစ်ဦးဖြစ်သူ ရန်ဆီမန်ရုမ်းက ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အစီရင်ခံချက်မှာ ပါရှိတဲ့ ထိုင်းဘဏ်တွေရဲ့ ငွေကြေးလွှဲပြောင်းမှု ကိစ္စတွေအကြောင်း ဝန်ကြီးချုပ် ဆရက်သာ သာဗီဆန်ကို မေးမြန်းခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီး မာရစ်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မာရစ်က စစ်ကောင်စီရဲ့ လက်နက် ဝယ်ယူမှုတွေအတွက် ထိုင်းဘဏ်တွေက ဝန်ဆောင်မှု ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို မငြင်းပေမယ့် ထိုင်းဘဏ်တွေက အဲဒီကိစ္စကို သိသိကြီးနဲ့ ကူညီခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြမထားကြောင်း ဖြေရှင်းသွားပါတယ်။

အစီရင်ခံစာအရ ထိုင်းကုမ္ပဏီတွေကနေ မြန်မာစစ်တပ်အတွက် ရဟတ်ယာဉ်တွေ၊ လေယာဉ် အပိုပစ္စည်းတွေ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ၊ အရပ်ဖက်-စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်တဲ့ အသုံးအဆောင်တွေ တင်ပို့ခဲ့ပြီး အနည်းဆုံး ထိုင်းဘဏ် ၅ ခုက အဲဒီ အရောင်းအဝယ် ကိစ္စတွေ အဆင်ပြေအောင် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေမှာ အကူအညီ ပေးခဲ့တယ်လို့ သိရပါတယ်။ အန်ဒရူးစ်က အဲဒီ အကူအညီတွေကြောင့်ပဲ အာဏာသိမ်း မြန်မာစစ်တပ်ကို အထီးကျန်အောင် နိုင်ငံတကာ ဖိအားပေးမှုတွေမှာ အားလျော့သွားစေကြောင်း ထောက်ပြခဲ့ပါတယ်။

ထိုင်းဗဟိုဘဏ်ကတော့ မြန်မာ စစ်တပ်နဲ့ ဆက်နွှယ်မှု ရှိနိုင်တဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ၊ အေဂျင်စီတွေ စာရင်းကို မှတ်တမ်း ပြုစုနိုင်အောင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စဉ်းစားနေတယ်လို့ မှတ်ချက်ပေးထားပါတယ်။

ကိုးကား Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။