Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်း၌ ဆန်ဈေးကြီးပြီး ဝယ်ယူရခက်နေချိန်တွင် စစ်​ကောင်စီက ပြည်ပဆန်တင်ပို့မှုကို တိုးမြှင့်

ပြည်တွင်း၌ ဆန်ဈေးကြီးပြီး ဆန်​​​​ရောင်းဝယ်သူများကို ဖမ်းဆီးခြိမ်း​ခြောက်​နေ​သော်လည်း စစ်ကောင်စီက ပြည်ပသို့ ဆန်တင်ပို့မှုကိုမူ တိုးပို့နေကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှသိရသည်။ 

စစ်​ကောင်စီသည် ပြည်တွင်း၌ ဆန်​ဈေးတင်​ရောင်းသည်ဆိုကာလုပ်ငန်းရှင်များကိုဖမ်းဆီး ခြိမ်​ခြောက်​နေ​သော် လည်း တဖက်တွင်စစ်အုပ်စုသည် ဆန်​ဈေးတက်​နေချိန်မှာပင် ပြည်ပသို့ဆန်တင်ပိုမှုကုတိုးမြှင့်တင်ပို့​နေသည်။ ဓါတ်ပုံ-CJ

စောနွေဦး/People’s Spring 

ပြည်တွင်း၌ ဆန်ဈေးကြီးပြီး ဆန်​​​​ရောင်းဝယ်သူများကို ဖမ်းဆီးခြိမ်း​ခြောက်​နေ​သော်လည်း စစ်ကောင်စီက ပြည်ပသို့ ဆန်တင်ပို့မှုကိုမူ တိုးပို့နေကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှသိရသည်။ 

စစ်ကောင်စီမှ စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့်ကုမ္ပဏီ ၄၄ ခုကို ပြီးခဲ့သည့် ဇွန်လအတွင်း ပြည်ပနိုင်ငံ ၂၁ ခုသို့ ဆန်တန်ချိန် ၁၆၀,၀၀၀ ကျော်ကို တင်ပို့ပြီး စစ်ကောင်စီအတွက် နိုင်ငံခြားငွေ ဒေါ်လာ သန်း ၈၀ကျော်ရှာဖွေပေးခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ မြန်မာနျုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဇွန်လတွင် ပြည်တွင်း၌ ဆန်ကြမ်းတအိတ်ကို ကျပ် ၇၅၀၀၀ မှ ကျပ် တစ်သိန်းခန့်ရှိနေသည်။ စစ်ကောင်စီက ရိက္ခာဖြတ်ထားသည့် နေရာများတွင် ဆန်တအိတ်ကို ကျပ် ၃ သိန်း
ခန့်ပေါက်ဈေးရှိနေသည်။ ထိုအပြင် ပြည်တွင်း၌ ဆန်​ရောင်းချသူများကို ​ဈေးတင်​ရောင်းချသည်ဆိုကာ City Mart အပါအဝင် ဆန်​​ရောင်းချသူများ ၊ဆန်းစပါးအသင်းချုပ်မှ လုပ်ငန်းရှင်များအပါအဝင် ဆန်ပြည်ပတင်ပို့သူများကို ဖမ်းဆီး တရားစွဲဆိုပြီး ခြိမ်း​ခြောက်ထားချိန်တွင် စစ်​ကောင်စီက ပြည်ပသို့ဆန်တင်ပို့မှု တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်(၂၀၂၄ဧပြီ ၁ ရက်မှ ၂၀၂၅ မတ် ၃၁ အထိ့) ၏ ပထမ သုံး လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၃သိန်းခွဲခန့်ကို တင်ပို့ခဲ့ပြီး နိုင်ငံခြားငွေ ဒေါ်လာသန်း ၁၇၅ သန်းကျော်ရရှိထားသည်။ ထိုပမာဏသည့်ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူ နှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် တစ်သိန်းကျော်ပိုမိုတင်ပိုခဲ့ခြင်းဖြစ်သည်။ထိုကာလသည် ပြည်တွင်း၌ ဆန်စပါးပိုရှားပါးလားပြီး ​ ​ငွေ​ကြေး​ဖောင်းပွမှု​ကြောင့် ဈေးတက်​နေချိန်ဖြစ်သည်။

“ပြည်ပတင်ပို့တာ ၂၀၂၃ နိုဝင်ဘာကတည်းကမြင့်တက်လာတာ။ ဒီဘဏ္ဍာအစကပြန်ကျသွားပေမယ့် အခု ဇွန်မှာ ထပ်မြင့်တက်လာတယ်။ ဆန်ကို ပြည်ပကို ပိုပြီးပို့နိုင်အောင်လုပ်နေကြတယ်”ဟု ဆန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။ 

စစ်ကောင်စီက ဆန်တင်ပို့မှုကို အရှိန်မြင့်တင်နေသော်လည်း ပြည်တွင်း၌ ပြည်သူများမှာ စစ်ကောင်စီသတ်မှတ်နှုန်းအတိုင်း၊ပမာဏအတိုင်း ဆန်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည်။

ထိုပြင် စစ်ကောင်စီက တရုတ်နိုင်ငံကို ဆန်တင်ပို့ရန် ကုမ္ပဏီများ စိတ်ဝင်စားမှုအဆိုပြုလွှာတင်သွင်းရန် ဇူလှိုင်၉ ရက်မှစ၍ ဖိတ်ခေါ်နေသည်။ 

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၃-၂၄တွင် စစ်ကောင်စီက ပြည်ပနိုင်ငံများကို ဆန်တန်ချိန် ၁ ဒသမ ၆၈သန်းတင်ပို့ခဲ့ပြီး နိုင်ငံခြားငွေ ဒေါ်လာသန်း ၈၅၀ခန့်ရရှိခဲ့သည်။ ယခညဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်းတိုက်ပွဲများ​ကြောင့် ဆန်စပါးစိုက်ပျိုးမှု ​လျော့ကျ​သော်လည်း စစ်​ကောင်စီက ဆန်တန်ချိန် နှစ်သန်းတင်ပို့ရန် စီစဥ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။