Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ CDF ကန်ပက်လက်ထံ အလင်းဝင်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မြို့မ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အလင်းဝင်လာကြောင်း ကန်ပက်လက်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသော ကန်ပက်လက်မြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CDF ကန်ပက်လက်

ထားမြတ်/People’s Spring

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မြို့မ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အလင်းဝင်လာကြောင်း ကန်ပက်လက်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ဒုတပ်ကြပ် ကွီးလိန်းသည် ဇူလိုင် ၁၈ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒုတပ်ကြပ်သည် ၎င်းနှင့်အတူ BA63 တစ်လက်၊ ကျည် ၃၀တောင်၊ ကျည်ဘောက် (၂)ခုနှင့် ဆက်သွယ်ရေးစက် (၁)လုံးယူဆောင်လာခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်သည်။

ကန်ပက်လက်မြို့အတွင်းရှိ စစ်ကောင်တပ်သား၊ ရဲသားများအနေဖြင့် ယုံကြည်စွာ အလင်းဝင်လာနိုင်ကြောင်းလည်း CDF ကန်ပက်လက်က ဖိတ်ခေါ်ထားသည်။

CDF ကန်ပက်လက်သည် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖြစ်ပြီး အာရက္ခတပ်တော်(AA)အပါအဝင် မဟာမိတ်များနှင့်ပူးပေါင်းပြီး မတူပီ မြို့သိမ်းတိုက်ပွဲ၊ ကျင်ဒွေး မြို့သိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။