Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးညီလာခံကနေ ချန်လှပ်ဖို့ ရှိနေချိန်မှာ အထူးကိုယ်စားလှယ် မကြာခင် မြန်မာပြည်လာဖို့ မျှော်လင့်နေတယ်လို့ စစ်ကောင်စီထုတ်ပြန်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မနက်ဖြန်မှာ လာမယ့်အာဆီယံထိပ်သီးညီလာခံမှာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုမတက်ရောက်စေရေး ဆွေးနွေးဖို့ရှိနေချိန်မှာ စစ်ကောင်စီဘက်က အာဆီယံအထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်ကို မျှော်လင့်ကြောင်းထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို မကြာမီကာလအတွင်းလာရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့(အောက်တိုဘာ ၁၄) ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မနက်ဖြန်မှာ လာမယ့်အာဆီယံထိပ်သီးညီလာခံမှာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုမတက်ရောက်စေရေး ဆွေးနွေးဖို့ရှိနေချိန်မှာ စစ်ကောင်စီဘက်က အာဆီယံအထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်ကို မျှော်လင့်ကြောင်းထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။

အထူးကိုယ်စားလှယ်ဟာ အောက်တိုဘာ ၁၁ ကနေ ၁၄ ရက်အထိ မြန်မာနိုင်ငံကိုလာရောက်လိုပြီး ၎င်းတို့တွေ့ဆုံလိုသူတွေအမည်စာရင်းနဲ့ မြန်မာဘက်ကဆောင်ရွက်ပေးရမယ့် ကိစ္စတွေကို တောင်းဆိုခဲ့ပေမယ့် မြန်မာအကြမ်းဖက်စစ်ကောင်စီက အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက် အတိုင်း ခွင့်မပြုခဲ့တာကြောင့် အဲဒီခရီးစဉ် ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်ကလည်း အောက်တိုဘာ ၁၂ ရက်မှာ အာဆီယံရဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်အရ အထူးကိုယ်စားလှယ်ရဲ့ တာဝန်တွေကို ဖြည့်ဆည်းနိုင်ဖို့ သက်ဆိုင်ရာပါတီအားလုံးနဲ့တွေ့ဆုံခွင့်ပေးရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလတုန်းက အာဆီယံခေါင်းဆောင် တွေချမှတ်ခဲ့တဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အပြုသဘောနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကတော့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့ ပြောဆိုထားပါတယ်။

ဒါကြောင့် လာမယ့်အောက်တိုဘာ ၂၆ရက်ကနေ ၂၈ရက်အထိ Virtual ကနေ ပြုလုပ်မယ့် အာဆီယံ ထိပ်သီး ညီလာခံမှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို ချန်လှပ်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အရေးပေါ်အစည်းအဝေးကျင်းပဖို့ ရှိနေတာပါ။

စစ်ကောင်စီကတော့ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေးအတွက် လိုက်လျောမှုတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံပထမဆုံးခရီးစဉ်မှာ နှစ်ဖက် ယုံကြည်မှုတည်ဆောက်ရေးကိစ္စကိုသာအလေးပေး ဆောင်ရွက်သင့်တယ်လို့လည်း အကြမ်းဖက်စစ်ကောင်စီက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

Facebook