Connect with us

Hi, what are you looking for?

News

ဟားခါးတွင် ပစ်ခတ်မှုဖြစ်ပြီးနောက် လဝကရုံး မီးလောင်

လက်ရှိတွင် ဟားခါးဘက်သို့ စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းနေ၍ ချင်းလက်နက်ကိုင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

ဓာတ်ပုံ - The Chin Journal

ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် ယမန်နေ့(အောက်တို ဘာ၁၄)ညက ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးရုံးဟောင်း မီးလောင်ခဲ့ကြောင်းThe Chin Journalက ဖော်ပြထားသည်။

အောက်တိုဘာ ၁၄ရက် ည ၁၁ နာရီခန့်တွင် ဟားခါးမြို့၊ ချင်းဦးစီရပ်ကွက်ရှိ လ၀ကရုံးဟောင်း မီးလောင်ခဲ့ရာ မီးလောင်မှုမဖြစ်ပွားမီ ၁၀ နာရီခွဲခန့်တွင် သေနက်ပစ်ခတ်သံ၊ ဗုံးပေါက်ကွဲသံများကြားရကြောင်း ဒေသခံများကို ကိုးကားဖော်ပြထားသည်။

ဓာတ်ပုံ – The Chin Journal

လက်ရှိတွင် ဟားခါးဘက်သို့ စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းနေ၍ ချင်းလက်နက်ကိုင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

ဖလမ်းဘက်မှ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်များကို (CNF)နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF)တို့က တိုက်ခိုက်နေရာ အောက်တိုဘာ ၁၃ရက်နှင့် ၁၄ရက်တွင် ဟားခါး- ဖလမ်းလမ်း၌ တိုက်ပွဲများဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ထာဝရ မီးတောက်လို့ တင်စားခံရပြီး ဘာသာရေးအရ အလေးအမြတ်ထား ခံရတဲ့ မီးလျံကို ထိန်းသိမ်းထားရှိရာ ခန်းမဆောင်ကြီး မီးလောင်မှုဖြစ်ပြီး ပြာကျသွားခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။