Connect with us

Hi, what are you looking for?

သတင်း

မိုးမောက် ခမရ(၄၃၇)တပ်ရင်းသိမ်းပိုက်နိုင်ရေး AA၊PDF၊ KPDFတို့နှင့်အတူ တိုက်ခိုက်နေဟု KIA အသိပေး

နမ့်ဖက်ကာတွင် KIAက ရဲစခန်းဖွင့်၊ ဆွမ်ပရာဘွမ်မြို့နယ်အား KIOအုပ်ချုပ်မည်ဟု ဒေသခံများကို ရှင်းပြ

ရှေ့တန်းတစ်နေရာမှ KIA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- KNG

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့၌ ကျန်နေသည့် ခမရ(၄၃၇)တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA၊ အာရက္ခတပ်တော်(AA)၊ PDF၊ KPDF ပူးပေါင်းတပ်ဖွဲ့များသည် မိုးမောက်မြို့၌တပ်စွဲထားသည့် ခမရ(၄၃၇)ကို ဇူလိုင် ၂၄ရက် နံနက်ကပြန်လည်ထိုးစစ်ဆင်လျက်ရှိကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဇူလိုင် ၂၅ ရက် ည ၆နာရီခွဲတွင် စစ်ကောင်စီ ခလရ(၄၇) တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ(၄၇) တပ်စခန်းမှ လက်နက်နှင့်စစ်သုံးပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။ ခလရ(၄၇)တပ်စခန်းသည် မံစီမြို့နယ်တွင်တည်ရှိသည်။

KIAသည် မံစီနှင့်မိုးမောက်မြို့များကို ထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများသိမ်းပိုက်နိုင်ရေးကြိုးစားနေခြင်းဖြစ်သည်။

KIA သတင်းပြန်ကြားရေးဌာန၏ ဇူလိုင် ၂၆ရက် သတင်းဖော်ပြချက်တွင် ရှမ်းမြောက် ကွတ်ခိုင် မြို့နယ် နမ့်ဖက်ကာဒေသ၌ KIO အစိုးရ ရဲစခန်း ဖွင့်လှစ်မှု၊ ကချင်ပြည်နယ် ဆွမ်ပရာဘွမ် မြို့နယ်ကို KIO အစိုးရအုပ်ချုပ်ရေး ဖော်ဆောင်ရန် ဒေသခံများအား အသိပေးမှု ပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

နမ့်ဖက်ကာ ရဲစခန်းဖွင့်လှစ်ရန် ဖေဖော်ဝါရီကတည်းက တပ်စခန်းချ နေရာပြင်ဆင်နေပြီး ဇူလိုင် ၂၆ရက်တွင် ရဲစခန်း ရုံးဖွင့်ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ရဲစခန်းဖွင့်လှစ်ခြင်းသည် နမ့်ဖက်ကာဒေသ ပြည်သူများ၏ လုံခြုံရေးနှင့် တရားမျှတမှု ရရှိရန် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်ကြောင်း အသိပေးသည်။

ဆွမ်ပရာဘွမ်မြို့နယ်တွင်လည်း KIO အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားဖြင့် အုပ်ချုပ်တော့မည်ဟုဒေသခံ ပြည်သူများကို ရှင်းလင်းတင်ပြသည့် အစီအစဉ်ပြုလုပ်ခဲ့ကြောင်း သတင်းဖော်ပြသည်။

ဆွမ်ပရာဘွမ်ပြည်သူများအနေဖြင့် စစ်ရေး၊ နိုင်ငံရေး များကြောင့် အခက်အခဲအမျိုးမျိုး ကြုံနေရသော်လည်း စည်းလုံးစွာ နေထိုင်ကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။