Connect with us

Hi, what are you looking for?

သတင်း

ကျပ်​ငွေတန်ဖိုး စံချိန်တင် ဆက်ကျပြီး ရွှေတစ်ကျပ်သား ၆၆ သိန်းခန့် ၊ တစ်ဒေါ်လာ ၅၂၀၀ ကျပ်အထိရှိလာ

ပြည်တွင်း ​ငွေ​ကြေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးဆက်ကျပြီး အ​မေရီကန် ၁ ​ဒေါ်လာလျင် ၅၂၀၀ ကျပ် ၊ အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ် ၆၆သိန်း ခန့်အထိမြင့်တက်လာကြောင်း စုံစမ်းသိရသည်။

စောနွေဦး/People’s Spring

ပြည်တွင်း ​ငွေ​ကြေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးဆက်ကျပြီး အ​မေရိကန် ၁ ​ဒေါ်လာလျင် ၅၂၀၀ ကျပ် ၊ အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ် ၆၆သိန်း ခန့်အထိမြင့်တက်လာကြောင်း စုံစမ်းသိရသည်။

နိုင်ငံအတွင်း ခုခံ​တော်လှန်စစ်ပွဲများအရှိန်ပိုမြင့်လာ​သောကြောင့် ရွှေဈေး နှင့် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေဈေးမြင့် ယနေ့ (ဇူလိုင်၂၉ ရက်)တွင် ရုတ်တရက်မြင့်တက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြည်တွင်းဈေးကွက်အတွင်းအခေါက်ရွှေတစ်ကျပ်သားလျင် စံချိန်တင်​ဈေး ၆,၅၇၅,၀၀၀ ကျပ် ဖြင့် အ​ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။

“ဒီနေ့ရုတ်တရက်ဈေးတက်သွားတာပေါ့။ အကုန်လုံးက အဝယ်ပဲရှိတယ်။ ရောင်းမယ်သူ သိပ်မရှိဘူး။ ရောင်းဝယ်နေကျတဲ့သူတွေလည်း သတိထားလုပ်နေကြတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် ရွှေတူးဖော်ရေးတွင်းများမှ ရွှေထုတ်လုပ်မှုရပ်တန့်ထားခြင်းကြောင့်လည်း ဈေးကွက်အတွင်းရွှေများဝင်ရောက်နိုင်ခြင်းမရှိကြောင်းလည်း ၎င်းကဆက်​ပြောသည်။

ပြည်တွင်းရွှေဈေးသည် ဇွန်လ(၁) ရက် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၅၂ သိန်းရှိခဲ့ပြီး နှစ်လအတွင်း ကျပ် ၁၄ သိန်းခန့်မြင့်တက်လာခြင်းဖြစ်သည်။

ဒေါ်လာဈေးသည် ဇူလှိုင် ၂၉ ရက်တွင် တစ်ဒေါ်လာကို ကျပ် ၅၂၀၀ ၊ ထိုင်းငွေ တစ်ဘတ်ကို ၁၄၀ကျပ်​ကျော်၊ မလေးရှား တစ်ရင်းဂစ်ကို ကျပ် ၁၀၈၅ ၊ တရုတ်ငွေတစ်ယွမ်ကို ကျပ် ၆၉၆၊ စင်ကာပူတစ်ဒေါ်လာကို ကျပ် ၃၈၀၀ အထိမြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှသိရသည်။ အဆိုပါနှုန်းများမှာ ​ငွေ​ကြေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုး စံချိန်တင် ကျလာခြင်းဖြစ်သည်။

“ လွန်ခဲ့တဲ့ ၃ရက်ကမှ တစ်ဒေါ်လာကို ၅၀၀၀ အောက်ပဲရှိသေတးယ်။ ဒီနေ့မှာ ၅၂၀၀ ဖြစ်သွားတာပါ”ဟု ငွေလဲကောင်တာပိုင်ရှင်တဦးကပြောသည်။

ကျပ်ငွေတန်ဖိုးထိုးကျပြီး နိုင်ငံစီးပွားရေးမတည်ငြိမ်ဖြစ်နေချိန်တွင် စစ်ကောင်စီက ဩဂုတ်၁ ရက်မှ စတင်ပြီး ၎င်းတို့လက်အောက်ခံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများကို ကျပ် ၃၀,၀၀၀ တိုးမြှင့်ပေးခဲ့သည်။

သို့​သော် ဇွန်လအတွင်း ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများကို လစာတိုးမြှင့်ပေးခဲ့သည့်အ​ကြောင်းပြချက်ဖြင့် ဈေးဆိုင်ပိုင်ရှင် နှင့် ကုမ္ပဏီ ပိုင်ရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီကဖမ်းဆီးခဲ့​သေးသည်။ စစ်ကောင်စီဖမ်းဆီးသည့်အထဲတွင် ကော်ဖီဆိုင်၊ မိုဘိုင်းဖုန်းဆိုင်၊ စားသောက်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပါဝင်ခဲ့ပြီး အချို့ဆိုင်များကို ချိတ်ပါပိတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာအစိုးရတွေ အနေနဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့တောင်းဆို

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွက်မဟာမိတ်နိုင်ငံတွေက ငွေကြေး ဝိုင်းဝန်းစိုက်ထုတ်ပေးတာမျိုးသမ္မတ ဒေါ်နယ်လ်ထရမ့်က လိုလားနေကြောင်း အမေရိကန် အစိုးရက ပြောကြားခဲ့ပါတယ်။