Connect with us

Hi, what are you looking for?

သတင်း

NUG က အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်အား ရာထူးမှထုတ်ပယ်

အိန္ဒိယနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးမှ ထုတ်ပယ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(ဩဂုတ် ၃ရက်)သတင်းထုတ်ပြန်သည်။

သော်မွန်/People’s Spring

အိန္ဒိယနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးမှ ထုတ်ပယ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(ဩဂုတ် ၃ရက်)သတင်းထုတ်ပြန်သည်။

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနှင့်ပတ်သက်၍ တိုင်ကြားခံရသည့် ဆလိုင်းအိုက်ဇက်ခင်ကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လကုန်ပိုင်းတွင် ရာထူးမှ ယာယီရပ်ဆိုင်းခဲ့ပြီး NUG က ဖွဲ့စည်းခဲ့သော လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ ဗဟိုကော်မတီ၏ သုံးသပ် ဆုံးဖြတ်ချက်များနှင့်အညီ ဆလိုင်းအိုက်ဇက်ခင်အား ဩဂုတ် ၁ရက် နံနက်မှ စတင်ကာရာထူးမှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

NUG ၏ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ အမျိုးသမီးတစ်ဦးက ၎င်းအားပေးအပ်သော တာဝန်များကို ၁၀ လကြာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော်လည်း ကိုယ်စားလှယ်ဆလိုင်းအိုက်ဇက်ခင်က ၎င်းအပေါ် လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေမှုများ၊ လုပ်ငန်းခွင်အတွင်း အထက်လူကြီးမပီသစွာ ဝန်ထမ်းအပေါ် နှိမ့်ချပြောဆိုဆက်ဆံမှုများကြောင့် မတ်လ ၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုင်ကြားမှုကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဆလိုင်းအိုက်ဇက်ခင်အား အလားတူကိစ္စရပ်များ ထပ်မံမဖြစ်ပွားရန် နှုတ်ဖြင့်သတိပေးခဲ့ကြောင်းနှင့် နစ်နာသူ အတွင်းရေးမှူး အမျိုးသမီးနှင့် အခြားဝန်ထမ်းတစ်ဦးတို့ကို ဧပြီ လကုန်ပိုင်းတွင် ရာထူးမှ အနားပေးခဲ့ကြောင်း နစ်နာသူအမျိုးသမီး၏ တိုင်ကြားစာ၌ ဖော်ပြသည်။

ယင်းနစ်နာသူအမျိုးသမီးသည် NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားမျှတမှုမရှိသည့် ဆုံးဖြတ်ချက်ကို လက်ခံနိုင်ခြင်းမရှိသဖြင့် ၎င်း၏သဘောဆန္ဒအလျောက် အလုပ်တာဝန်မှ နှုတ်ထွက်ရန် မေလ ၁၄ ရက်တွင် တင်ပြခဲ့သည်။

ယင်းနောက် နစ်နာသူအမျိုးသမီး၏ တိုင်ကြားမှုအပေါ် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဆလိုင်းအိုက်ဇက်ခင်အား ဌာနတွင်း ကြားနာစစ်ဆေးမှုများပြုလုပ်နေကြောင်း ဇွန်လကုန်ပိုင်းတွင် အသိပေးခဲ့သည်။

အဆိုပါဌာနတွင်း စစ်ဆေးကြားနာမှုအစီရင်ခံစာနှင့် ဆက်စပ်စာရွက်စာတမ်းများကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒ(PSHEA)အကောင်အထည်ဖော်ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်းနှင့် ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လကုန်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။