မိထက်/People’s Spring
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည့် ရှမ်းမြောက်ရှိ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့(ဩဂုတ် ၅ရက်) နေလယ် ၃နာရီခန့်တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကွတ်ခိုင်မြို့မ ဈေးအနီးနှင့် ရပ်ကွက် (၅)ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်ပျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။

Public Service Announcement
” အပျက်အစီးတွေ ရှိတယ်။ လေကြောင်းက ကင်းထောက်နေသေးတယ်။ လူတွေ အပြင်မထွက်ရဲကြဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ (ဇူလိုင် ၅ ရက်) မွန်လွဲပိုင်း ၃နာရီ ၅မိနစ်အချိန်တွင် စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေးယာဉ်ဖြင့် ကွတ်ခိုင်မြို့ ရပ်ကွက်(၅)၊ ဈေးဘက် တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး(၇)လုံးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် နေအိမ် (၂)လုံး ဗုံးစထိမှန် မီးလောင်နေသည်ဟု တအာင်းတပ်မတော် (TNLA)က အသိပေးထုတ်ပြန်ထားသည်
ကွတ်ခိုင်မြို့ကို ပြီးခဲ့သည့် ၁၀၂၇စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယခုအခါ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA)က ယာယီအုပ်ချုပ်ရေး ဖော်ဆောင်နေသည်။
TNLAသည် ကျောက်မဲ၊ သီပေါ၊နောင်ချိုနှင့် မိုးမိတ်မြို့နယ်တို့မှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေပြီး နောင်ချိုနှင့် မိုးမိတ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
ကျောက်မဲမြို့မှ လက်ကျန်စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ထိုအခြေအနေတွင် စစ်ကောင်စီက ကွတ်ခိုင်မြို့ကို လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်။


















































