Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် စစ်ကား နှစ်စီးတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ ယာဥ်နှစ်စီးတိုက်ခိုက်ခံရပြီး အထိနာ၍ မြိုင်မြို့နယ်အနီးပါ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သိမ်းဆည်းရမိသော စစ်အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - မြိုင်ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ ယာဥ်နှစ်စီးတိုက်ခိုက်ခံရပြီး အထိနာ၍ မြိုင်မြို့နယ်အနီးပါ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် ၄ရက်က ညနေ ၄နာရီခွဲခန့်က ပခုက္ကူမြို့ တပ်မ(၁၀၁)မှ ကမ္မနှင့် မြိုင်မြို့နယ်တောင်ပိုင်း ပျူစောထီးကျေးရွာများသို့ ဦးတည်လာသော စစ်ကောင်စီ၏ အင်အား ၇၀ခန့်ပါ စစ်ကား နှစ်စီးအား ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးပျက်စီးပြီးထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်ပကဖက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကား တစ်စီးမှာလည်း ဆက်မထွက်နိုင်တော့ဘဲ ထိခိုက်သေဆုံးသူများအား တင်ဆောင်၍ ပခုက္ကူမြို့ဘက်သို့ ပြန်လည်တပ်ခေါက်သွားသည်ဟု ဆိုသည်။

အခင်းဖြစ်နေရာအား ဝင်ရောက်ရှင်းလင်းရာ ကျည်များသိမ်းဆည်းရမိခဲ့ကြောင်း မြိုင်ပကဖက အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်ပကဖ၊ Black Cobra၊ PKU Thurainတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အထိနာသွားသော စစ်ကောင်စီတပ်က နယ်မြေချင်းထိဆက်နေသည့် မြိုင်မြို့နယ် ကျေးရွာများသို့ သြဂုတ်၅ရက်နှင့် ယနေ့(သြဂုတ် ၆ရက်)တွင် MI35 ဖြင့် ၁၅ကြိမ်ထက်မနည်း ပစ်ခတ်ခြင်း၊ ဂျက်ဖိုက်တာဖြင့် ၁၀ကြိမ်ထက်မနည်း ပေါင်ဗုံးများချခြင်း၊ Y-12ဖြင့် ဗုံးချတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း မြိုင်ပကဖက ပြောသည်။

“ပြည်သူထိခိုက်တာကတော့ တိုက်ရိုက်ထိခိုက်တာထက် တချို့က အသက်ကြီးတော့ လန့်ပြီးတော့ ဆုံးတာတွေရှိတယ်”ဟု မြိုင်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာ ခြောက်ရွာမှ ဒေသခံပြည်သူ ၅၀၀ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ