Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ် ရေဖြူကန်ရွာတိုက်ပွဲ စစ်ကောင်စီ ယာယီတပ်ရင်းမှူးသေဆုံးဟု တောင်ပိုင်းစစ်ဒေသထုတ်ပြန်

ပဲခူးတိုင်းအရှေ့ခြမ်း၊ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းအား ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူး အပါအဝင် သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

ရေဖြူကန်ကျေးရွာတိုက်ပွဲအတွင်း တွေ့ရသော PDF ရဲဘော်များ။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသ

ဟန်နွေ/People’s Spring

ပဲခူးတိုင်းအရှေ့ခြမ်း၊ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းအား ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူး အပါအဝင် သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

ဩဂုတ် ၆ရက်တွင် ရေဖြူကန်ရွာရှိ စစ်ကောင်စီတပ်ကို KNLAတပ်ရင်း(၉)ဒရုန်းတပ်ဖွဲ့၊ပဲခူးခရိုင်PDFတပ်ရင်း(၃၇၀၂)ဒရုန်းတပ်ဖွဲ့၊PDFတပ်ရင်းတောကျီးကန်းဒရုန်းတပ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူး ခမရ(၃၄၉)ဒုရင်းမှူး(ယာယီတပ်ရင်းမှူး)နှင့် တပ်ခွဲမှူးတို့သေဆုံးခဲ့ပြီး တပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် အဆိုပါဒေသရှိပြည်သူများအား ပေါ်တာဆွဲခြင်း၊ ဓားစာခံအဖြစ်ဖမ်းဆီးချူပ်နှောင်ခြင်းနှင့် ပြည်သူလူထု၏လွတ်လပ်စွာသွားလာနေထိုင်ခွင့်ကိုနှောက်ယှက်ခြင်း တို့ကိုပြုလုပ်လျက်ရှိသည့် တပ်များဖြစ်ကြောင်း ထုတ်ပြန်သည်။

ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော အဆိုပါစစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်ဒရုန်းပစ်ခတ်မှုများကြောင့် ဇွန်လနှင့်ဇူလိုင်အတွင်း အပစ်မဲ့ပြည်သူ ခုနစ်ဦးသေဆုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ထားသည်။

KNUအနေဖြင့် တပ်မဟာ(၁)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၅) ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းဒေသ၌တိုက်ပွဲဖော်ဆောင်မည်ဟု သတင်းရကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယခုဩဂုတ်ပထမပတ်တွင်ပြောကြားထားရာ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တပ်မဟာ သုံးခုသာ ကွက်ပြီး စစ်ရေးဖော်ဆောင်မည် မဟုတ်ဘဲ KNU၌ ရှိနေသည့် တပ်မဟာ ခုနစ်ခုစလုံးက စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးတိုက်ဖျက်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။