Connect with us

Hi, what are you looking for?

News

ရွှေများကို ဘဏ်တွင်အပ်နှံပြီး အရောင်းအဝယ်လုပ်နိုင်မည့် ရွှေစက္ကူအစီအစဥ်ဆောင်ရွက်နေ

အဆိုပါရွှေစက္ကူစနစ်သည် နိုင်ငံတကာနှင့်ချိတ်ဆက်၍ ရွှေအရောင်းအဝယ်ပြုလုပ်နိုင်ရန်အတွက်ဖြစ်ပြီး လက်ရှိတွင်လုပ်ထုံးလုပ်နည်းများညှိနှိုင်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်ကပြောသည်။

ရွှေများကို ဘဏ်တွင်အပ်နှံပြီးအရောင်းအဝယ်ပြုလုပ်နိုင်မည့် Gold paper(ရွှေစက္ကူ) အစီအစဉ်ကို ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ရွှေစက္ကူဆိုသည်မှာ ဘဏ်တွင် ရွှေများကိုအပ်ထားပြီး ဘဏ်ကသတ်မှတ်ထားသည့် အသိအမှတ်လက်မှတ်ကို ထုတ်ပေးထားခြင်းဖြစ်သည်။

ထိုစနစ်ကို စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းရွှေလုပ်ငန်းအသင်းက ဦးဆောင်ဖော်ဆောင်နေခြင်းဖြစ်သည်။ ရွှေများကို ပုဂ္ဂလိကဘဏ်တခုဖြစ်သည့် Shwe Bankတွင် အပ်နှံခြင်း၊ ငွေကြေးဖြင့် ဝယ်ယူခြင်းတို့ဆောင်ရွက်ရမည်ဖြစ်သည်။

ယင်းနောက် ၎င်းဘဏ်က ထုတ်ပေးသည် အသိ အမှတ်ပြုကတ်ပြားတစ်ခု ပြန်လည်ရရှိမည်ဖြစ်သည်။ အဆိုပါကတ်ပြားဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါရွှေစက္ကူစနစ်သည် နိုင်ငံတကာနှင့်ချိတ်ဆက်၍ ရွှေအရောင်းအဝယ်ပြုလုပ်နိုင်ရန်အတွက်ဖြစ်ပြီး လက်ရှိတွင်လုပ်ထုံးလုပ်နည်းများညှိနှိုင်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်ကပြောသည်။

အထက်ပါဘဏ်တွင်လည်း ငွေသားဖြင့် ရွှေစက္ကူကို ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူရာတွင် ဘဏ်ငွေပေးချေမူကို ယခင်ဘဏ်စာရင်းများဖြင့်ပေးချေနိုင်မည်မဟုတ်ဘဲ အထူးငွေစာရင်း(special account) ဖြင့်သာ ဝယ်ယူရမည်ဟု ဦးမျိုးမြင့်က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်များတွင် ငွေထုတ်ယူမူကို အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ခြင်းကြောင့် ဘဏ်များကို လူထုယုံကြည်မူလျော့နည်းလာပြီး အပ်ငွေ အမြောက်အမြားကို လူထုက ထုတ်ယူခဲ့ကြသည်။ ထိုကြောင့်အာဏာသိမ်းမူကို ထောက်ခံအားပေးသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဘဏ်များကို အပ်ငွေပိုမိုများပြားလာအောင် ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“စစ်ကောင်စီနဲ့ သူတို့ရဲ့ လက်ပါးစေတွေအတွက်လုပ်ပေးတယ်လို့ပဲမြင်တယ်။ လူတွေဘဏ်တွေ အပ်လာအောင်ရယ််။ လူထုစီက ရွှေတွေကို ဒေါ်လာလို လုယူချင်တာပါပဲ”ဟု ၎င်းကဆိုသည်။

ဘဏ်များတွင် အပ်ငွေများပြန်လည်ထုတ်ယူရန် အခက်အခဲဖြစ်နေချိန်တွင် မိမိ၏ ရွှေများကို ထပ်မံအပ်ရမည်မှာ ယုံကြည်မူမရှိကြောင်း ရွှေအရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ၂၂၂၀၀၀၀ကျပ်အထိမြင့်တက်လာချိန်တွင် ရွှေဈေးထိန်းချုပ်မူများကို အကြမ်းဖက်စစ်ကောင်စီအလိုကျဆောင်ရွက်ပေးနေသည်။ ရွှေဈေးများ အဆမတန်ဈေးနှိမ်ခြင်းနှင့် ရွှေဆိုင်များကို ပေါက်ဈေးထက် လျော့ရောင်းစေခြင်းတိုကို အတင်းအဓမ္မဆောင်ရွက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘယ်ဂျီယမ် နိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုဟာ ဒေါ်လာ ၁၀ သန်းကျော်လောက် တန်ဖိုးရှိမယ်လို့ ယုံကြည်ရတဲ့ ရွှေချောင်းနဲ့ ရွှေဒင်္ဂါးပြားတွေကို မတော်တဆ ရှာတွေ့ခဲ့ပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေ အနေနဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့တောင်းဆို

သတင်း

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ် တော်(AA)ဟာ ကိုယ်ပိုင်ဘဏ်စနစ်တခုကို ထူထောင်ဖို့စီစဉ်နေပြီး လိုအပ်တဲ့ ဝန်ထမ်းတွေခေါ်ယူနေယူ​နေပြီဖြစ်​ကြောင်းနီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။