Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့တိုက်ပွဲပြင်းထန်နေ၍ စစ်ကောင်စီနေ့စဉ် လေကြောင်းတိုက်ခိုက်

တကောင်းမြို့သိမ်းတိုက်ပွဲအပါအဝင် သပိတ်ကျင်းနယ် စစ်ဆင်ရေးအတွင်း KIA/KPDFများ ပါဝင်ဟုဆို

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်လျက်ရှိဟု KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

ယမန်နေ့ကဖော်ပြသည့် မိုးမောက်မြို့ဒေသ အခြေအနေတွင် စစ်ကောင်စီက မိုးမောက်မြို့တွင် လေကြောင်းအသုံးပြုပြီး နေ့တိုင်းနီးပါး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရဟု အသိပေးသည်။

ဩဂုတ် ၁၁ရက် ညပိုင်းကလည်း မိုးမောက်မြို့ဒေသ ကျေးရွာအချို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသော်လည်း လူထိခိုက်သေဆုံးရှိ၊မရှိကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ရေးတင်းမာနေ၍ စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ လေကြောင်းတိုက်ခိုက်မှုများကြောင့် မိုးမောက် ဒေသ ပြည်သူများသည် အင်ခေါင်းပါ ၊ လွယ်ဂျယ်၊ မံဝိန်းကြီး ကုန်းလောနှင့် ဒေါ့ဖုန်းယန်ဒေသများ၌ စစ်ရှောင်နေကြရကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

KIA အနေဖြင့် မိုးမောက်မြို့၌ နောက်ဆုံးကျန်နေသည့် ခမရ(၄၃၇) စစ်ကောင်စီတပ်ရင်းကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ရက်ရှည်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

KIA အနေဖြင့် ကချင်ပြည်နယ်တွင်သာမက မန္တလေးတိုင်းစစ်ဆင်ရေးများတွင်လည်းပါဝင်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သပိတ်ကျင်းမြို့နယ် စစ်ဆင်ရေးများ၌ KIA၊ KPDFများ ပါဝင်လျက်ရှိပြီး ယမန်နေ့ ဩဂုတ် ၁၂ရက် သပိတ်ကျင်းမြို့နယ် တကောင်းမြို့သိမ်းတိုက်ပွဲတွင်လည်း KIA/KPDFများလည်း ပါဝင်ကြောင်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယခင်ကလည်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIAပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

KIA၏ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန် အဖွဲ့သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook