Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – အရာတော်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်၍ လမ်းပိုင်းယာယီပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ရေးတင်းမာနေ၍ လမ်းပိုင်းယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ရေးတင်းမာနေ၍ လမ်းပိုင်းယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

ယနေ့(သြဂုတ် ၁၄ရက်)နံနက်ပိုင်းမှစတင်ကာ မုံရွာ – အရာတော်လမ်းပိုင်း၌ စစ်ရေးတင်းမာနေ၍ မုံရွာ – ကျောက္ကာ – အရာတော်လမ်းပိုင်းအား ပြည်သူများ၊ ယာဥ်များ သွားလာခြင်းမပြုကြရန် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သို့သော် တိုက်ပွဲဖြစ်ပွားနေသည့်နေရာကိုမူ အသိပေးထားခြင်းမရှိပေ။

အလားတူ ဝက်လက် – အရာတော်လမ်းပိုင်းဖြစ်သည့် ရွာသာကြီး- အရာတော်လမ်းပိုင်းကိုလည်း မြေပြင်စစ်ရေးအခြေနေအရ ယာယီပိတ်ထားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက အသိပေးသည်။

“လမ်းပိုင်းပိတ်တာ ဟုတ်ပါတယ်။ ကျွန်တော်တို့လည်းအခုတိုက်ပွဲထဲမှာမို့ ပြီးရင်အသေးစိတ်ဖြေပေးပါ့မယ်။”ဟု အရာတော်အခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မုံရွာ – အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ အရာတော်မြို့ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ)(၁၀)သို့ စစ်ကောင်စီယာဥ်များ အကူးအသန်းလုပ်တိုင်း ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။