Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO လက်နက်ကြီးပစ်ခတ်၍ ပအိုဝ်းဒေသခံအမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးတစ်ဦး ဒဏ်ရာရ

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် ပန်အောင်ရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့၍ အသက် (၄၀)အရွယ် မိခင်တစ်ဦး သေဆုံးကာ သုံးနှစ်အရွယ် သားငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပြသည်။

ဟန်နွေ/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် ပန်အောင်ရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့၍ အသက် (၄၀)အရွယ် မိခင်တစ်ဦး သေဆုံးကာ သုံးနှစ်အရွယ် သားငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပြသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ဩဂုတ် ၁၄ရက် နံနက် ၁၀နာရီခန့်တွင် ဆီဆိုင်အရှေ့ဘက် ပအိုဝ်းကျေးရွာများသို့ လက်နက်ကြီး အကြိမ် ၄၀ကျော် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု PNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲဖြစ်ပွားမှုလည်းမရှိဘူး။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေလည်း မဟုတ်ဘဲနဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်လာလာလို့ ပန်အောင် ကျေးရွာထဲကို ကျတာပေါ့နော်။ အဲဒီမှာ သားအမိနှစ်ဦး တောင်ယာသွားနေတဲ့အချိန်ထိသွားတာ။ မိခင်ဖြစ်သူက အခင်းဖြစ်တဲ့နေရာမှာ ဆုံးသွားတယ်။ ကလေးကိုတော့ ကျနော်တို့ တပ်ဖွဲ့ကသွားရောက်ကယ်တင်ခဲ့တယ်။ အကြောင်းကြားလာလို့ သွားကယ်ခဲ့ပေမယ့် ဒဏ်ရာကလည်း တော်တော်ပြင်းထန်ပြီး စိုးရိမ်နေရတဲ့ အခြေအနေဖြစ်ပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်သည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ပအိုဝ်းကျေးရွာများကို နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဖျက်ဆီးနေလျက်ရှိသည်ဟု PNLAက ထုတ်ပြန်သည်။

ထိုသို့ လက်နက်ကြီးကျရောပေါက်ကွဲသည့် ပန်အောင်ကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာလည်း မဟုတ်သလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် နေရာလည်းမဟုတ်ကြောင်း PNLAက ထုတ်ပြန်သည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က တမင်သက်သက် ကျေးရွာများ ဒေသခံပြည်သူလူထုများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

” ဒေသခံတွေ အရပ်သားတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပြည်သူလူထုကို ရန်သူလို့ သတ်မှတ်ပြီးတော့ တိုက်ခိုက်သတ်ဖြတ်နေတာ။ စစ်ကောင်စီနဲ့အတူ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေလည်း အဲဒီလိုမျိုးပဲ။ ကိုယ့်လူမျိုး၊ ကိုယ့်ပအိုဝ်းပြည်သူကို ဘယ်လိုစိတ်နဲ့များ စစ်ကောင်စီနဲ့အတူတူ လိုက်ပါပြီး သတ်ဖြတ်ရဲတာလည်းဆိုတာ နားမလည်နိုင်အောင်ဖြစ်နေရပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

PNLAနှင့် စစ်ကောင်စီတို့သည် ဩဂုတ်ပထမပတ်မှစ၍ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ၊ လက်နက်ခဲယမ်းသိမ်းဆည်းခံရမှုဖြစ်စဉ်များ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook