Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသမှာ တစ်လအတွင်းတိုက်ပွဲ ၅၀ ကျော်ဖြစ်ပွား

မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေပါဝင်တဲ့ NUG အစိုးရ ရဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ပြီးခဲ့တဲ့ ဇူလိုင်လတစ်လတာအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ အဲဒီစစ်ဒေသ ပြန်ကြားရေးဌာနထံကသိရပါတယ်။

နိုင်ပကောင်း/People’s Spring

မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေပါဝင်တဲ့ NUG အစိုးရ ရဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ပြီးခဲ့တဲ့ ဇူလိုင်လတစ်လတာအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ အဲဒီစစ်ဒေသ ပြန်ကြားရေးဌာနထံကသိရပါတယ်။

တောင်ပိုင်းစစ်ဒေသမှာ KNU ၊ PDF ၊ မွန်ပြည်သစ်(AD) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲ ၅၁ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ဒါဟာ ဇူလိုင်လအတွင်းပျှမ်းမျှအားဖြင့် တစ်နေ့ကို တိုက်ပွဲ တစ်ကြိမ် ထက်မက ဖြစ်ပွား တာပါ။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲတွေ မှာ စစ်ကောင်စီဘက် က အကျအဆုံး ၁၆၀ ကျော်ရှိတယ်လို့ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေး က ဆိုပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းဖမ်းဆီးရမိမှုတွေလည်းရှိတယ်လို့သိရပါတယ်။

ဒါအပြင် တောင်ပိုင်းစစ်ဒေသမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊ လေကြောင်းတိုက်ခိုက်မှု နဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၆ ဦးသေဆုံးရတယ်လို့ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေး က ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနဟာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်ရာမှာ ကနဦးက စစ်ဒေသ ၃ ခု ဖွဲ့စည်းခဲ့ပါတယ်။

အမှတ် (၁) စစ်ဒေသမှာ ကချင်၊ စစ်ကိုင်း၊ ချင်း၊ ရှမ်းပြည်မြောက်ပိုင်း ၊ မကွေးနဲ့ မန္တလေးတို့ ပါဝင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေပါဝင်ပါတယ်။

အမှတ် (၂) စစ်ဒေသကို ကရင်၊ ကရင်နီ(ကယား)၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူး တိုင်းတို့ ပါဝင် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသ တွေနဲ့ ဖွဲ့စည်းထားတာလို့ဆိုနိုင်ပါတယ်။

အမှတ် (၃) စစ်ဒေသမှာတော့ နေပြည်တော်နဲ့ ဆက်စပ် နယ်မြေတွေကိုထည့်သွင်းထားတာပါ။

အခုအခါမှာ အမှတ် (၂) စစ်ဒေသနဲ့ အမှတ် (၃) စစ်ဒေသနှစ်ခုကို စုစည်းပြီး တောင်ပိုင်းစစ်ဒေသအဖြစ် ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ

သတင်း

စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။