Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမစစ်ဆင်ရေးနယ်မြေအတွင်း သစ်ခိုးထုတ်နေသူအချို့ကို PDFက သတိပေးပြီး ပြန်လွှတ်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ပဲခူးရိုးမစစ်ဆင်ရေးနယ်မြေအတွင်း နယ်မြေရှင်းလင်းရေးကင်းလှည့်နေစဥ် ကျွန်းပင်နုများခုတ်လှဲ၍ သစ်ခိုးထုတ်နေသူအချို့ကို သတိပေးတားမြစ်ခဲ့ရကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄မှ ရဲဘော်များက သစ်ခိုးထုတ်လာသူများအား တားဆီး၍ သတိပေးမှုလုပ်ဆောင်ခဲ့စဥ်။ ဓာတ်ပုံ-ပေးပို့

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ပဲခူးရိုးမစစ်ဆင်ရေးနယ်မြေအတွင်း နယ်မြေရှင်းလင်းရေးကင်းလှည့်နေစဥ် ကျွန်းပင်နုများခုတ်လှဲ၍ သစ်ခိုးထုတ်နေသူအချို့ကို သတိပေးတားမြစ်ခဲ့ရကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(သြဂုတ် ၁၅ရက်)နံနက် ၁၀နာရီခန့်ကပဲခူးရိုးမရှိ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသော ဂမုန်းကြိုးဝိုင်းအကွက်အမှတ် (၅၆)နှင့်(၅၇)သို့ ဝင်ရောက်၍ ကျွန်းပင်နုများခုတ်လှဲကာ သစ်ခိုးထုတ်နေသူ ငါးဦးနှင့် ကျွဲခုနစ်ရှဥ်းခန့်ကို ကင်းလှည့်နေသည့် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“အရင်က အဲ့ရိုးပေါ်မတက်ဖို့ စာထုတ်ဖူးတယ်။ ၁ နှစ်လောက်ရှိပြီ။ စကစတွေနဲ့ တိုက်ပွဲဖြစ်တာကြောင့် သူတို့လည်း ရိုးမပေါ်မတက်တော့ဘူး။ သစ်တောက တစ်နှစ်လောက် လူမရောက်တာကြာတော့ ပြန်ကြီးလာတာ။ အဲဒါကိုလာခုတ်တာ အပင်တွေက သေးသေးလေးတွေ”ဟု တပ်ရင်း ၃၈၀၂မှ တာဝန်ရှိသူက ရှင်းပြသည်။

တပ်ရင်းအနေဖြင့် အဆိုပါသစ်တောကြိုးဝိုင်းနေရာအား စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ထားရာ မှားယွင်းပစ်ခတ်မှုဖြစ်ပွားနိုင်သည့်အပြင် စစ်ကောင်စီထံ ဆက်ကြေးပေးကာ ရိုးမအတွင်း သစ်ခိုးထုတ်နေသူများ၏ ရန်မှ သစ်တောသစ်ပင်များကို ကာကွယ်ရန်မှာလည်း ၎င်းတို့တပ်ရင်းတွင် တာဝန်ရှိသည်ဟုခံယူကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

ထို့ကြောင့် ကျွန်းနုပင်များအား ခုတ်ယူသယ် ဆောင်နေကြသည့် သစ်ခိုးထုတ်နေသူများကို ထပ်မံခုတ်ယူခြင်း မပြုလုပ်ကြရန် သတိ​ပေးပြောဆိုကာ ခုတ်ယူထားသော ကျွန်းသစ်များအား သစ်တောအတွင်းထားစေခဲ့ပြီး လူနှင့်ကျွဲများကို ပြန်လည်လွတ်ပေးလိုက်ကြောင်း တပ်ရင်း ၃၈၀၂ က အသိပေးသည်။

အထက်ပါ သစ်တောကြိုးဝိုင်းသို့ ဝင်ရောက်နိုင်သည့် လမ်းပေါ်တွင် ယခင်က စစ်ကောင်စီမှဆက်ကြေးကောက်ခံသည့်ဂိတ်တစ်ခုရှိပြီး ဂိတ်သို့ဖြတ်လျှင် အနည်းဆုံးကျပ်ငါးထောင်မှ သောင်းဂဏန်းအထိ ပေးရကြောင်း စုံစမ်းသိရသည်။

အဆိုပါဂိတ်မှ စစ်ကောင်စီသစ်တော ဝန်ထမ်း တောခေါင်းအုန်းလှိုင်ဆိုသူသည် ဆက်ကြေးတောင်း၍ ကျွန်းပင်နုများ ခိုးထုတ်သည့်ကို အားပေးကူညီသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များ၏စခန်းတည်နေရာများကိုစုံစမ်း၍ စစ်ကောင်စီထံသတင်းပို့နေသောကြောင့် တပ်ရင်း ၃၈၀၂ မှ ပြီးခဲ့သည့် ၂၀၂၃အတွင်း ပစ်ခတ်အရေးယူမှုလုပ်ဆောင်ခဲ့သည်။

သို့ဖြစ်ရာ စစ်ကောင်စီ၏ ဆက်ကြေးကောက်ခံသည့်ဂိတ်မှာ မည်သူမျှဆက်မနေရဲတော့ဘဲ တဲအခွန်သာ ကျန်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက သစ်တောသယံဇာတများလည်း ကာကွယ် ထိန်းသိမ်းရန် တာဝန်ရှိနေသည့်အတွက် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များအား ခိုးထုတ်မှုများကို မပြုလုပ်ကြရန်နှင့် ကျွန်းနုပင်များအား ခိုးထုတ်သူများအား လိုအပ်သည့် အရေးယူမှုများကို ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook