Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားရစ်ဟာ အရမ်းမိုက်တဲ့ အမေရိကန် သမ္မတ ဖြစ်လာမယ်လို့ ဘိုင်ဒန်ပြော

ကာမာလာ ဟားရစ်ဟာ အမေရိကန်အတွက် အရမ်းမိုက်တဲ့ သမ္မတမျိုး ဖြစ်လာလိမ့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ထောက်ခံ ပြောကြားသွားပါတယ်။

ကာမာလာ ဟားရစ်ဟာ အမေရိကန်အတွက် အရမ်းမိုက်တဲ့ သမ္မတမျိုး ဖြစ်လာလိမ့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ထောက်ခံ ပြောကြားသွားပါတယ်။

ဒုတိယ သမ္မတ ဟားရစ်ဟာ ဘိုင်ဒန်အစား လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတည်ပြုပြီးတဲ့ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သူတို့နှစ်ဦးဟာ အခမ်းအနား တစ်ခုမှာ အတူထွက်ပေါ်ခဲ့တဲ့အချိန် ဘိုင်ဒန်က အခုလို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် ၁၅ ရက်နေ့ ညပိုင်းက ဝါရှင်တန်ဒီစီ မြို့တော် အပြင်ဖက်မှာ ဒီမိုကရက်တစ် ပါတီက ကြီးမှူးကျင်းပတဲ့ အခမ်းအနားမှာ ဘိုင်ဒန်က သူဟာ အစိုးရကို ဦးဆောင်ခဲ့တဲ့ ကာလတလျှောက် မယုံနိုင်လောက်စရာ ထူးခြားကောင်းမွန်တဲ့ ပါတနာ တစ်ဦးကို ရရှိခဲ့ကြောင်း၊ ဟားရစ်ဟာ အရမ်းမိုက်တဲ့ သမ္မတ တစ်ဦး ‘One hell of a president’ ဖြစ်လာနိုင်ကြောင်း ညွှန်းဆိုသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုအခမ်းအနားဟာ ပါတီရဲ့ ရွေးကောက်ပွဲကြို စည်းရုံးမှု အစီအစဉ် တစ်ခုအဖြစ် ယူဆနိုင်ပေမယ့်လည်း လက်တွေ့မှာတော့ ဘိုင်ဒန်ဟာ မူဝါဒတွေကို မိတ်ဆက် ဆွေးနွေးတာထက် ဒုတိယ သမ္မတ ဟားရစ်ကို ချီးကျူး ဂုဏ်တင်ပေးတဲ့ အပိုင်းကို ဦးစားပေးသွားပါတယ်။

ဟားရစ်ကလည်း အမေရိကန် သမိုင်းမှာ ပြည်သူတွေအတွက် စရိတ်သင့်တော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွေ ချဲ့ထွင်တာ အပါအဝင် ထိရောက် အားကောင်းတဲ့ အစီအမံတွေ အကောင်အထည်ဖော် ပေးနိုင်ခဲ့သူ သမ္မတမျိုး များများစားစား မရှိဘူးလို့ တုံ့ပြန် ချီးကျူးသွားခဲ့ပါတယ်။

ဟားရစ်ဟာ သမ္မတ နေရာအတွက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ပြီးချိန် ကတည်းက မီဒီယာတွေနဲ့ အင်တာဗျူးတာမျိုးကို သတိကြီးကြီး ရှောင်ဖယ်နေဆဲ ဖြစ်တာကြောင့် အဲဒီ အခြေအနေဟာ ပြိုင်ဘက် ရီဘတ်ပလစ်ကန် ပါတီက ဝေဖန် ထိုးနှက်စရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ သူက ဘိုင်ဒန်အစား ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေညာခဲ့ချိန်နောက်ပိုင်း ဒီမိုကရက် ပါတီရဲ့ လူထုထောက်ခံမှု အခြေအနေက ပိုမိုမြင့်တက်လာပြီး အစောပိုင်းမှာ အပြတ်အသတ် ရှေ့ကပြေးနေတဲ့ ထရမ့်ကို ဖိအားပေးလာနိုင်ပါတယ်။

တကယ်လို့ ဟားရစ်သာ အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် သူဟာ သမိုင်းတလျှောက် အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ၊ အာရှတောင်ပိုင်း အဆက်အနွှယ်ဝင် ပထမဆုံး သမ္မတအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေ တိုးတက်မလာတာဟာ သူ့ရဲ့ မူဝါဒတွေကြောင့် မဟုတ်ဘဲ အရင် သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကြောင့်လို့ ထရမ့်က အမေရိကန် ပြည်သူတစ်ရပ်လုံးဆီ လိပ်မူတဲ့ မိန့်ခွန်းထဲမှာ စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာ

သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ဒုက္ခသည်အဖြစ် ဝင်ရောက် အခြေချခွင့် ရသူတွေကို ပြန်လည် သုံးသပ် စစ်ဆေးဖို့ လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားထားပါတယ်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကြို ကာလမှာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နေရာကို ကာမာလာ ဟားရစ်နဲ့ အစားထိုး ယှဉ်ပြိုင်စေခဲ့တဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ဆုံးဖြတ်ချက် မှားခဲ့တယ်လို့ သူယူဆကြောင်း ဟောလိဝုဒ် နာမည်ကျော်မင်းသား ဂျော့ဂျ်ကလူနီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်သမ္မတ ကတော်မယ်လာနီယာထရမ့်ကသမ္မတဟောင်းဘိုင်ဒန်ရဲ့ သားဖြစ်သူကို တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။