Connect with us

Hi, what are you looking for?

သတင်း

မြို့သာစက်မှုဇုန်တွင် တိုက်ပွဲဖြစ်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဇုန်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုများကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

စက်မှုဇုန်ရှိ စစ်ကောင်စီစခန်းကို PDF ရဲဘော်များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Photo

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဇုန်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုများကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

မြင်းခြံခရိုင်အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)စတင်ပြီး ၆ ရက်အကြာ ယနေ့(သြဂုတ် ၁၆ရက်) နံနက်တွင် ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်ရှိ စစ်ကောင်စီတပ်အထိုင်ချရာနေရာအား ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် အဆိုပါစခန်းရှိ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးကြောင်း ငါန်းဇွန် ပကဖ၏ တာဝန်ရှိသူက ပြောသည်။

“မြို့သာစက်မှုဇုန်အတွင်းထဲမှာပါ။အတွင်းက အဆောက်အဦးတစ်ခုမှာ တပ်စွဲထားတာ။ တိုက်ပွဲက နာရီဝက်ကျော်ကြာတယ်”ဟု ၎င်းက ပြောသည်။

မြို့သာစက်မှုဇုန်အနီးရှိ စခန်းများမှ စစ်ကောင်စီတပ် စစ်ကူများ ရောက်ရှိလာ၍ ​ဆုတ်ခွာခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား ငါန်းဇွန်မြို့နယ် ပကဖ၊ စဥ့်ကိုင်မြို့နယ် ပကဖ၊ မြင်းခြံ 35 ပြောက်ကျားအဖွဲ့၊ ဗိုလ်စားပျောက်ကျားအဖွဲ့ မြင်းခြံ၊ပြည်ချစ်သားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြို့သာစက်မှုဇုန်တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့သာ – တံတားဦးလမ်း၊ တံတားဦးမြို့အဝင် နေရာနှစ်ခုတွင် စစ်ကောင်စီတပ်က လူငယ် ၁၀၀ကျော်အား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ငါန်းဇွန်မြို့နယ်သည် မြင်းခြံခရိုင်အတွင်း ပါဝင်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် တံတားဦးခရိုင်အတွင်း ပြောင်းလဲထည့်သွင်းထားသည်။

သြဂုတ် ၁ဝရက် နံနက်ပိုင်းက စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်။

မြို့သာစက်မှုဇုန်

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး၏ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း လေးခုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်အုပ်စုဝင်အများအပြားသေဆုံးကာ လက်နက်၂၇လက်နှင့်စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့သည်။

အလားတူ တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှု၌ စစ်အုပ်စုဝင် ၆ဦး သေဆုံးပြီး ၅ ဦးပျောက်ဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်။

သြဂုတ်၁၂ရက်က တောင်သာမြို့နယ်ရှိ စစ်ကောင်စီစခန်း လေးနေရာ တိုက်ခိုက်မှုတွင်ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့်စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး တောင်သာမြို့အား စစ်ကူလာနိုင်မည့်လမ်းကြောင်းအား ​ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်။

မြို့သာစက်မှုဇုန်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂ဝ၁၂ ကတည်းကခွင့်ပြုမိန့်ထုတ်ပေးထားသည့် စက်မှုဇုန်ဖြစ်ပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၂၉၈ ဘီလျံခန့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ဝ၈ သန်းပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီအတွင်းကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် မြို့သာစက်မှုဇုန်သို့ လာရောက်ကြည့်ရှုခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။