Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုသို့ စစ်ကောင်စီ စစ်အင်အားဖြည့်တင်းနေပြီး TNLAနှင့် တိုက်ပွဲဆက်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၅၉ရက်မြောက် ယနေ့(ဩဂုတ် ၂၂ရက်) စစ်ရေးအခြေအနေကို ဖော်ပြရာ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခင်ရက်များကတည်းက တိုက်ပွဲဖြစ်နေသည့် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ ၄၅၃ တပ်ရင်း၊ တောင်ရှည်ကျေးရွာ ဘုန်းကြီးကျောင်းတို့တွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက တောင်ခမ်းရွာတိုက်ပွဲတွင် လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ဟု အသိပေးသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“TNLAက တောင်းခမ်းနားအထိ တက်ချနေတာ။ တောင်းခမ်းနားမှာ နေ့တိုင်းတိုက်ပွဲဖြစ်တယ်။ နောင်ချိုဘက်တော့ မလာနိုင်ဘူး။ အဲမှာ မန်းလေးတပ်ရော ဓနုတပ်ရော သုံးဖွဲ့စုတိုက်နေတာ”ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ​၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်ကလည်း တောင်းခမ်းကျေးရွာ အနီရောင်အဆင့်ဖြစ်နေပြီး ရန်သူက ဘန်ကာအချို့ကို စီးမိထားကြောင်း ရဲဘော်များ ဆုတ်သင့်ရင်ဆုတ်ခွာသင့်ကြောင်း ရေးသားဖော်ပြနေသည်။

တောင်းခမ်းရွာသည် နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့သွားသောလမ်းပိုင်းပေါ်တွင်တည်ရှိပြီး နောင်ချိုမြို့မှ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများက အဆိုပါရွာ တပ်စခန်း၌ အထိုင်ချထားသည်။ ထို့အပြင် ရှမ်းတောင်မှ အင်အားဖြည့်တင်းသော စစ်ကောင်င်္စတပ်သားများအပြင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်သော စစ်ကောင်စီတပ်သားများလည်း တောင်းခမ်း၌ ရောက်ရှိနေသည်။ ထိုမှတဆင့် နောင်ချိုနှင့် ကျောက်မဲမြို့များအား ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်သည်။

စစ်ကောင်စီ ဝါဒဖြန်သူအချို့က TNLAက ပြင်ဦးလွင်မြို့နယ်အတွင်း ထိုးစစ်ဆင်လာနေပြီဖြစ်ကြောင်း ရေးသားထားသည်။ ယင်းနှင့်ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အဆိုပါစစ်ရေးအခြေအနေ သတင်းတက်လာခြင်းမရှိသေးဟု ဖြေကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။