Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ရဲစခန်းကို PDFနှင့် ပူးပေါင်းတပ်များသိမ်းပိုက်၊ အချုပ်သားအချို့ကယ်ထုတ်

အင်းတော်မြို့ရဲစခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (PDF) နှင့် ပူး​ပေါင်းတပ်များကသိမ်းပိုက်လိုက်ပြီး အချုပ်သားအချို့ကယ်ထုတ်နိုင်ကာ ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်ဖွဲ့က အချုပ်သားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

အင်း​တော်မြို့ရဲစခန်းသိမ်းပြီး​နောက် ​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကို ​တွေ့ရစဥ်။ဓါတ်ပုံ-CJ

မိထက်/People’s Spring

အင်းတော်မြို့ရဲစခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (PDF) နှင့် ပူး​ပေါင်းတပ်များကသိမ်းပိုက်လိုက်ပြီး အချုပ်သားအချို့ကယ်ထုတ်နိုင်ကာ ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်ဖွဲ့က အချုပ်သားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

အင်းတော်မြို့ရဲစခန်းကို ယမန်နေ့(ဩဂုတ်လ ၂၄ရက်) မွန်းလွဲပိုင်း၌ သိမ်းယူနိုင်ခဲ့ခြင်းဟု People’s Spring က စုံစမ်းသိရှိရသည်။

Public Service Announcement

Public Service Announcement

“အချုပ်သား ၁၆ ယောက်ရှိတာ တချို့ကို ကယ်ထုတ်နိုင်တယ်။ တချို့က စစ်တပ်က ဖမ်းခေါ်သွားတယ်” ဟု မြေပြင်စစ်ရေးသတင်းမြစ်တစ်ဦးကပြောသည်။

တိုက်ပွဲအခြေအနေနှင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို စစ်‌ဒေသ(၁)မှ မကြာမီတရားဝင်သတင်းထုတ်ပြန်မည်ဟု သိရသည်။

အင်းတော်မြို့တွင် ဂျပန်ဆေးရုံ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီဗျူဟာကုန်းနှစ်နေရာကျန်ရှိနေသေးသည်။ ယင်းနှစ်နေရာစလုံး၌ စစ်​ကောင်စီတပ် တပ်မ(၇၇)လက်အောက်ခံစစ်ကောင်စီတပ်ရင်းများ တပ်စွဲထားကြောင်း သိရသည်။

လက်ရှိတိုက်ခိုက်နေဆဲ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ရေးအရာအချက်အချာကျသော နဘားလမ်းဆုံကိုလည်း KIA ၊ PDF နှင့် ပူးပေါင်းတပ်ဖွဲ့များကဩဂုတ်လ ၂၂ရက်တွင် သိမ်းယူခဲ့သည်။

စစ်ကိုင်းနှင့် ကချင်အစပ်ရှိ အင်း​တော်အပါအဝင် ပင်လယ်ဘူး ၊ထီးချိုင့် စ​သော မြို့သိမ်းတိုက်ပွဲများကို NUG ၊အမှတ် (၁)စစ်​ဒေသ ကွတ်ကဲမှုဖြင့် PDF ၊ပကဖ ၊ KIA နှင့် ပူး​ပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်​နေခြင်းဖြစ်သည်။​တော်လှန်​

ရေးတပ်ဖွဲ့များသည် အင်းတော်မြို့သိမ်းတိုက်ပွဲအတွက် ပြီးခဲ့သည့် ဇွန်လကတည်းက ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

တပ်မ-၇၇ လက်အောက်ခံ ခလရ(၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်ဆွဲထားပြီး အင်တော်မြို့အား ကာထားသည့်နံ့သာရွာစခန်းကို ဇွန်လ ၂၈ရက်တွင် PDF ၊ကသာခရိုင် တပ်ရင်း-၂၊KIA နှင့် အင်းတော်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဩဂုတ်လ တတိယလပတ်ထဲတွင် အင်းတော်၊ထီးချိုင့်၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲများ တပြိုင်နက်စတင်ခဲ့ပြီး လက်ရှိအချိန်အထိတိုက်ပွဲများပြင်းထန်နေသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွင် အမှတ်(၁)စစ်ဒေသ ဦး​ဆောင်မှုဖြင့် ဆင်နွှဲ​နေ​သော မြို့သိမ်းတိုက်ပွဲများမှာ စစ်​ရေးအရ အလွန်အရေးပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက လူထုနွေဦးသို့ ပြောကြားထားသည်။

“စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့သိမ်းတိုက်ပွဲတွေက မဟာဗျူဟာအရရော၊ ပထဝီအ‌နေ အထားအရရော၊ စစ်ရေးအရရော အင်မတန်အရေးပါတယ်လို့ ပြောလို့ရပါတယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။