Connect with us

Hi, what are you looking for?

သတင်း

ကာဒီနယ်ချားလ်စ်ဘို၏ မုံလှကျေးရွာကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မုံလှကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် မုံလှရွာအား တွေ့ရစဥ်။ဓာတ်ပုံ - ထူးခန့်ဇော်

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မုံလှကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၂၅ရက် ည ၈နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ခင်ဦးမြို့နယ်အနောက်မြောက်ခြမ်း မုံလှကျေးရွာကို စစ်ကောင်စီက တံတားဦးတက် Yak-130 ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး၂လုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရေဦးနယ်အခြေပြု People’s Defense Comrade အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

Public Service Announcement

Public Service Announcement

“ကျေးရွာအတွင်း ပြည်သူတွေရှိနေတဲ့အချိန်ပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်သွားတာပါပဲ။ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူးလို့ပြောတယ်။”ဟု ၎င်းက ပြောသည်။

အလားတူ သြဂုတ် ၂၂ရက် ည ၁၀ နာရီခွဲခန့်ကလည်း ရွှေဘိုခရိုင်အတွင်းရှိ ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်များရှိနေသည့် နဂါးတွင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူနှစ်ဦး ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မုံလှကျေးရွာသည် ကက်သလစ်ခရစ်ယာန် ဘာသာဝင်များ နေထိုင်ကြသည့်ကျေးရွာဖြစ်ပြီး ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘို၏ မွေးရပ်ဇာတိကျေးရွာလည်းဖြစ်သည်။

ခင်ဦးမြို့နယ် မုံလှစံပြကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂ဇူလိုင်နှင့် နိုဝင်ဘာကလည်း နှစ်​ကြိမ်တိုင် လေကြောင်းတိုက်ခိုက်ခံရဖူးသည်။ ထို့်အပြင် မြေပြင်စစ်ကြောင်း နှစ်ကြိမ်ထက်မနည်း

ဝင်ရောက်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကာကွယ်ရေးရဲဘော်အပါအဝင် ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့သေးသည်။

လက်ရှိ ရွှေဘိုခရိုင်အတွင်း၌ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲပြီးနောက် ခင်ဦးနှင့် ရေဦးမြို့နယ်ကြား စစ်ကောင်စီစစ်ကြောင်းရှိနေပြီး ကျေးရွာသုံးရွာ မီးရှိုဖျက်ဆီးခံထားရသည်။

၂ဝ၂၁ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲအခမ်းအနားကို ဗိုလ်တထောင်မြို့နယ်၊ စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘို၏ ကျောင်းတိုက်၌ပြုလုပ်ရာ အဆိုပါဆုတောင်းပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်ခဲ့သည်။

ထိုကဲ့သို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်တွေ့ဆုံမှုကို ကက်သလစ်ဘာသာဝင်များအနေဖြင့် အသိအမှတ်မပြုကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံမှုသည် ကက်သလစ်ဘာသာဝင်များ အားလုံးနီးပါး၏ဆန္ဒနှင့် ဆန့်ကျင်သည့်အတွက် ၎င်းတို့ဘာသာဝင်များအား ကိုယ်စားမပြုကြောင်း ICJM (Independent Catholics for Justice in Myanmar)က ထုတ်ပြန်ခဲ့သည်။

ချားလ်စ်ဘိုသည် ၎င်း​၏ ဇာတိကျေးရွာအပါအဝင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများအပေါ် ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ နှုတ်ဆိတ်နေသည်။

၂၀၂၂ နိုဝင်ဘာ ၂၃ရက်ကလည်း မုံလှကျေးရွာရှိ ချားလ်စ်ဘို လှူဒါန်းထားသော ကျောင်းစာသင်ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။