Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာမြို့နယ် မကျည်းကန်ရွာက ဘုရားအလှူငွေတွေကို စစ်ကောင်စီကလုယူပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်ရှိအချိန်ထိ မကျည်းကန် ရွာတစ်ဝိုက်တွင် တပ်စွဲနေဆဲဖြစ်ပြီး PDF ဟု ယူဆရသူများကို သိရှိပါက ၎င်းတို့ထံအ ကြောင်းကြားရန်လည်း ဒေသခံများကို ခြိမ်းခြောက်လျှက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ မကျည်းကန်ရွာမှ ဘုရားအလှူငွေကို စစ်ကောင်စီတပ်ကလုယူပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြော သည်။

မကျည်းကန်ရွာအနီး အကြမ်းဖက်စစ်ကောင်စီမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်းဝင်ရောက်ရှာဖွေခဲ့ပြီးနောက် အကြမ်းဖက်လုယက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အောက်တိုဘာ ၁၅ ရက်က လုပ်သွားတာ။ဦးအောင်ဝင်းအိမ်မှ ပိုက်ဆံ ၁၃သိန်း ၊ဦးခင်အောင်အိမ်မှ ၁၀သိန်း ယူဆောင်သွားတယ် ။ အဲ့ပိုက်ဆံတွေက ရွာကနှစ်နှစ်ရာပြည့်ဘုရားအတွက် လှူဖို့စုထားတဲ့ ရွာဘုံပိုက်ဆံလဲ ဖြစ်တယ်။ အခြားရွာသား တွေဆီက ဆီတွေ၊ ဆန်တွေ၊ ရေနီဆီ၊ဓာတ်ဆီတွေ အပြင် ဖုန်းဆင်းကဒ်တွေရောသိမ်းသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရွာခံ‌နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ပိုင်ရှင်နှစ်ဦးမှာ သာမန်လက်လုပ်လက်စား တောင်သူမုဆိုးမများဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်ရှိအချိန်ထိ မကျည်းကန် ရွာတစ်ဝိုက်တွင် တပ်စွဲနေဆဲဖြစ်ပြီး PDF ဟု ယူဆရသူများကို သိရှိပါက ၎င်းတို့ထံအ ကြောင်းကြားရန်လည်း ဒေသခံများကို ခြိမ်းခြောက်လျှက်ရှိကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသော စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ထိုးစစ်ဆင်နေပြီး အပြစ်မဲ့ပြည်သူများကို အုပ်စုလိုက်သတ်ဖြတ်ခြင်း၊နေအိမ်များ မီးရှို့ခြင်း နှင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန် ခြင်း စသော စစ်ရာဇဝတ်မှုများစွာရှိနေကြောင်း လူမှုအဖွဲ့အစည်းများက ထောက်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။