Connect with us

Hi, what are you looking for?

News

မုံရွာမြို့နယ် မကျည်းကန်ရွာက ဘုရားအလှူငွေတွေကို စစ်ကောင်စီကလုယူပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်ရှိအချိန်ထိ မကျည်းကန် ရွာတစ်ဝိုက်တွင် တပ်စွဲနေဆဲဖြစ်ပြီး PDF ဟု ယူဆရသူများကို သိရှိပါက ၎င်းတို့ထံအ ကြောင်းကြားရန်လည်း ဒေသခံများကို ခြိမ်းခြောက်လျှက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ မကျည်းကန်ရွာမှ ဘုရားအလှူငွေကို စစ်ကောင်စီတပ်ကလုယူပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြော သည်။

မကျည်းကန်ရွာအနီး အကြမ်းဖက်စစ်ကောင်စီမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်းဝင်ရောက်ရှာဖွေခဲ့ပြီးနောက် အကြမ်းဖက်လုယက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အောက်တိုဘာ ၁၅ ရက်က လုပ်သွားတာ။ဦးအောင်ဝင်းအိမ်မှ ပိုက်ဆံ ၁၃သိန်း ၊ဦးခင်အောင်အိမ်မှ ၁၀သိန်း ယူဆောင်သွားတယ် ။ အဲ့ပိုက်ဆံတွေက ရွာကနှစ်နှစ်ရာပြည့်ဘုရားအတွက် လှူဖို့စုထားတဲ့ ရွာဘုံပိုက်ဆံလဲ ဖြစ်တယ်။ အခြားရွာသား တွေဆီက ဆီတွေ၊ ဆန်တွေ၊ ရေနီဆီ၊ဓာတ်ဆီတွေ အပြင် ဖုန်းဆင်းကဒ်တွေရောသိမ်းသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရွာခံ‌နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ပိုင်ရှင်နှစ်ဦးမှာ သာမန်လက်လုပ်လက်စား တောင်သူမုဆိုးမများဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်ရှိအချိန်ထိ မကျည်းကန် ရွာတစ်ဝိုက်တွင် တပ်စွဲနေဆဲဖြစ်ပြီး PDF ဟု ယူဆရသူများကို သိရှိပါက ၎င်းတို့ထံအ ကြောင်းကြားရန်လည်း ဒေသခံများကို ခြိမ်းခြောက်လျှက်ရှိကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသော စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ထိုးစစ်ဆင်နေပြီး အပြစ်မဲ့ပြည်သူများကို အုပ်စုလိုက်သတ်ဖြတ်ခြင်း၊နေအိမ်များ မီးရှို့ခြင်း နှင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန် ခြင်း စသော စစ်ရာဇဝတ်မှုများစွာရှိနေကြောင်း လူမှုအဖွဲ့အစည်းများက ထောက်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။